တပ်မတော်လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်း ၆ လောင်း ထပ်မံ မီးသင်္ဂြိုလ်

တပ်မတော်လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်း ၆ လောင်း ထပ်မံ မီးသင်္ဂြိုလ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန်လ ၁၂ ။             ။ အမျိုးအမည်ထပ်မံခွဲခြားနိုင်သည့် ရုပ်အလောင်း ၆ လောင်းအား ထားဝယ်မြို့ရှိ တပ်မတော် ဆေးရုံမှ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ သံဝေဂလမ်းသချိၤုင်း၌ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့် အညီ ကောင်းမွန်စွာ သြင်္ဂိုလ်ပေးခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၁၂ ရက်အထိ တပ်မတော်သားအရာရှိ ရုပ်အလောင်း ၃ လောင်းနှင့် စစ်သည် ရုပ်အလောင်း ၅ လောင်းအပါအဝင် အမျိုးသားရုပ်အလောင်း ၉ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၁၆ လောင်း၊ ကလေးရုပ်အလောင်း ၄ လောင်း အစရှိသည့် စုစုပေါင်းရုပ်အလောင်း ၂၉ လောင်းအား ရုပ်မည်ခွဲခြားမှုပြုလုပ်နိုင်ခဲ့ပြီး ကောင်းမွန်စွာ သဂြိၤုလ်ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် အမျိုးသားရုပ်အလောင်း ၄ လောင်း၊ ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၁ လောင်း စုစုပေါင်းရုပ်အလောင်း ၅ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၈၁ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

စုစုပေါင်း လူ ၁၂၂ ဦးပါဝင်သော တပ်မတော်ပို့ဆောင်ရေးလေယာဉ်သည် ဇွန်လ ၇ ရက်က မြိတ်မှရန်ကုန်သို့ ထွက်ခွာစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly