မုန်တိုင်းငယ်ကို နာဆာက 96B အဖြစ် ကြေငြာ

မုန်တိုင်းငယ်ကို နာဆာက 96B အဖြစ် ကြေငြာ

ဇွန်လ ၁၁ရက် နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်များအပေါ် အခြေခံကာ နာဆာအဖွဲ့ကြီးက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကို 96B လို့အမည်ပေးလိုက်ပါတယ်။

နာဆာ၏ ထုတ်ပြန်ချက်အရ မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ လွန်ခဲ့တဲ့ (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မကျော်ခန့်အထိ မိုးရွာသွန်းခဲ့ပြီး၊ ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသအချို့မှာ ရေဖုံးလွှမ်းခံရဖို့ အလားအလာ အနည်းငယ်ရှိလာနေပြီဟု ဖော်ပြထားပါတယ်။

အခြားမုတ်သုံမိုးရွာသွန်းမှုအနေနဲ့ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တွေမှာလည်း လွန်ခဲ့တဲ့ (၂၄)နာရီအတွင်း မိုးရေချိန် (၁.၅ - ၃)လက်မအထိ ရွာသွန်းခဲ့ပြီး၊  ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတောင်ပိုင်းဒေသတွေမှာ ရေမြုပ်ခံရဖို့ အလားအလာတွေ များနေပြီလို့ ဖော်ပြထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကမ်းရိုးတန်းတလျှောက် တစ်နာရီ မိုင်(၃၀-၃၅) မိုင်ခန့် လေပြင်းများတိုက်ခတ်နေသည့်အတွက် ကမ်းရိုးတန်းသွား ရေယာဉ်များ လေဒဏ်နဲ့ လှိုင်းဒဏ်ကို သတိပြုကြရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly