တရားခံပြေးအောင်ဝင်းခိုင်အား စုံစမ်းခဲ့သော်လည်း မတွေ့ရှိဟု နေပြည်တော်ရဲတပ်ဖွဲ့မှ လာရောက် ထွက်ဆို

တရားခံပြေးအောင်ဝင်းခိုင်အား စုံစမ်းခဲ့သော်လည်း မတွေ့ရှိဟု နေပြည်တော်ရဲတပ်ဖွဲ့မှ လာရောက် ထွက်ဆို

ရန်ကုန်၊ ဇွန်လ ၉ ။             ။ ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပရဆေးဥယျာဉ်တွင် ပျောက်ဆုံးသွားခဲ့သော တရားခံပြေးအောင်ဝင်းခိုင်ကို စုံစမ်းရှာဖွေခဲ့သော်လည်း   တွေ့ရှိခြင်းမရှိဟု နေပြည်တော်ရဲတပ်ဖွဲ့မှ လိုပြသက် သေလေးဦးက သက်သေအထောက်အထားများဖြင့် လာရောက်ထွက်ဆိုခဲ့ကြောင်း အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ပြောသည်။

“ သူတို့ ရှာဖွေတယ် မတွေ့ရှိပါဘူး။ သူတို့ ပြည့်စုံစွာရှာဖွေတယ်။ သူတို့ ရဲတပ်ဖွဲ့က နယ်ခြားစောင့် ဂိတ် တွေ့မှာရော အပြည်ပြည်ဆိုင်ရာ စင်ကာပူတို့ ၊ အင်တာပိုတို့နဲ့ ပတ်သက်တဲ့၊ ထိုင်းတို့နဲ့ ပတ်သက်တဲ့ နိုင်ငံ တကာရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ချက်တွေရော ပြည့်ပြည့်စုံစုံပဲလုပ်ထားတဲ့ စာရွက်စာတမ်းတွေနဲ့ မေးထားတဲ့ အကြောင်းကို တင်ပြသွားပါတယ်”ဟု   အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ဆိုသည်။

ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ တရားခံအောင်ဝင်းခိုင်ရှာဖွေဖမ်းဆီးနေသည့် အခြေအနေနှင့်ပတ်သက်ပြီး နေပြည်တော်မှ မှုခင်းရဲတပ်ဖွဲ့ ဒုရဲမှူးဌေးအောင်၊ ဇမ္ဗူသီရိမြို့နယ်အပိုင် နယ်ထိန်း ရဲတပ်ကြပ် လှဌေး၊ ဒုတပ်ကြပ် ကျော်ဇောဝင်း ၊မှုခင်းတပ်ဖွဲ့တရားစွဲဌာနမှ ရဲမှူးသန်းမြင့်ဇော်၊ ဇေယျာသိဒ္ဓိရပ် ကွက် အုပ်ချုပ်ရေးမှူးဦး တင်မြ၊ ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်တို့ ၆ ဦးက မတွေ့ရှိကြောင်း လာရောက် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထွက်ဆိုခဲ့ရာတွင် ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ပန်ပဝတီ (၄)လမ်းနှင့် ပဒုမ္မာ (၂)လမ်းထောင့်၊ အမှတ်၄၇၅၊ ဇေယျာဖြိုးရုံးခန်း၊ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ရှာဖွေခဲ့ပြီး အဆိုပါနေအိမ်မှ ဦးသန်းဝင်းဆိုသူက အောင်ဝင်းခိုင်ဆိုသူမှာ လွန်ခဲ့သောနှစ်ရက်ခန့်က လာရောက်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း တရားရုံးတွင်ထွက်ဆိုခဲ့သည်။

၎င်းအုပ်ချုပ်ရေးမှူးထွက်ဆိုခဲ့သော တရားခံပြေးအောင်ဝင်းခိုင်က ဇေယျာဖြိုးရုံးခန်း၊ နေအိမ်သို့ သွား ရောက်ခဲ့သည်ဆိုသောအချက်မှာ အောင်ဝင်းခိုင်အနေဖြင့် အမှုဖြစ်ပွားပြီးနောက်   နေပြည်တော်တွင်ရှိနေခဲ့ သည်ကိုတွေ့ရှိရကြောင်း ရှေ့နေဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးနေလက ပြောသည်။

“ ရဲကရှာဖွေခြင်းမပြုမီ နှစ်ရက်လောက်အလိုမှာ နေပြည်တော်မှာရှိနေတယ်ဆိုတဲ့ အခြေအနေမျိုး ပေါ်ပေါက် တယ်ပေါ့နော်။ ဆိုလိုတဲ့သဘောထားကတော့ အမှုအခင်းဖြစ်ပွားပြီးတော့   ဖေဖော်ဝါရီလအတွင်း ဖေဖော်ဝါရီလ ဆန်းပိုင်းမှာ အောင်ဝင်းခိုင်ဟာ နေပြည်တော်မှာရှိနေတယ်ဆိုတဲ့ အချက်ကိုတော့တွေ့ရတယ်။ ဒါနဲ့ပတ်သက် ပြီးတော့ ရှာဖွေဖမ်းဆီးလို့တော့မရသေးဘူး။ နေ ပြည်တော်မှာ အဲ့ဒီ အချိန်ကာလအထိ ရှိခဲ့တယ်ဆိုတဲ့ အပိုင်း ကို အစ တစ်စအနေနဲ့ ဆွဲထုတ်နိုင်ခဲ့တာကိုတွေ့ရတယ်”ဟု ဦးနေလက ပြောသည်။

အဆိုပါရှေ့နေဦးကိုနီအမှုနှင့် ပတ်သက်ပြီး ယနေ့ ဇွန်လ ၉ ရက်နေ့ ရုံးချိန်းတွင် သေနတ်သမားကြည်လင်းအပါ လေးဦးကို စွဲဆိုထားသည့် လူသတ်မှုနှင့် လက်နက်မှုကို စစ်ဆေးခြင်းမရှိသေးဘဲ အမှုပြည့်စုံရန်အတွက် တရား ခံပြေး အောင်ဝင်းခိုင်အား ရှာဖွေနေမှုအခြေအနေကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး လာမည့် ဇွန်လ ၁၆ ရက်နေ့ ရုံးချိန်းတွင်လည်း တရားပြေးအောင်ဝင်းခိုင် ရှာဖွေနေမှု အခြေအနေအား ယခင်ထွက်ဆိုထားသည့် တရားလိုပြသက်သေ ၅ ဦးကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly