တပ်မတော်လေယာဉ်ပျက်ကျမှုကို စုံစမ်းရာတွင် တရုတ်ကုမ္ပဏီက အကူအညီပေးမည်

တပ်မတော်လေယာဉ်ပျက်ကျမှုကို စုံစမ်းရာတွင် တရုတ်ကုမ္ပဏီက အကူအညီပေးမည်

ဇွန်လ ၈ ရက် ။          ။ မြန်မာနိုင်ငံတွင် တရုတ်လုပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ပျက်ကျမှုကို မြန်မာလေတပ်က စုံစမ်းစစ်ဆေးရာ၌ အကူအညီပေးသွားရေးအတွက် ပြင်ဆင်နေကြောင်း တရုတ်လေယာဉ်ကုမ္ပဏီကြီးဘက်က ထုတ်ပြန်သည်။

မြိတ်မြို့မှ ရန်ကုန်သို့ ဦးတည်သော တပ်မတော်မှ Y-8F-200W တာဘိုဂျက်လေယာဉ် ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ကြောင်းကို မြန်မာ့တပ်မတော်ထုတ်ပြန်ချက်အရ သိရကြောင်း တရုတ်အမျိုးသားလေယာဉ်နည်းပညာ သွင်းကုန်ထုတ်ကုန် ကော်ပိုရေရှင်း CAITC က ဇွန် ၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါလေယာဉ်တွင် ကလေးများအပါအဝင် တပ်မတော်အမှုထမ်းများနှင့် ဆွေမျိုးများ လိုက်ပါခဲ့ခြင်းဖြစ်သည်။

ထိုလေယာဉ်မှာ တရုတ်လေကြောင်းစက်မှုကော်ပိုရေးရှင်းပိုင် CAITC ကုမ္ပဏီက ပြီးခဲ့သည့် နှစ်၊ မတ်လအတွင်း မြန်မာလေတပ်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျမှု၌ သေဆုံးမိသားစုများအတွက် ဝမ်းနည်းကြောင်း၊ ပျက်ကျရသည့်အကြောင်း စုံစမ်းရာတွင် မြန်မာနိုင်ငံအား ကူညီသွားမည်ဖြစ်ကြောင်း ကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly