တပ်မတော်လေယာဉ်ပျက်ကျမှုမှ ကျန်ရစ်သူမျသားစုများအား အလှူငွေများ လှူဒါန်း

တပ်မတော်လေယာဉ်ပျက်ကျမှုမှ ကျန်ရစ်သူမျသားစုများအား အလှူငွေများ လှူဒါန်း
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန်လ ၉ ။            ။ ဇွန်လ ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါရှိသွားသည့် လေယာဉ်အမှုထမ်း၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် ၁၂၂ ဦးတို့၏ ကျန်ရစ်သူမိသားစုများအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

နတ်စင်တစ်ရာဆရာတော် ကျပ် ၇၁ သိန်း၊  ရွှေစင်စြင်္ကာယာဉ်လိုင်း ကျပ် ၁၃၅.၅ သိန်း၊ ဦးခင်မောင်အေး(CB Bank) ကျပ်သိန်း ၃၀၀၊ ဧရာဝတီဖောင်ဒေးရှင်းကုမ္ပဏီ ကျပ်သိန်း ၅၀၀၊
စတသ(၂၇)ပရဟိတအဖွဲ့ ကျပ် ၂၇ သိန်း၊ ဦးဇော်လတ်+ ဒေါ်ဝေသစ်လွင်(Bella Cosmetics) ကျပ်သိန်း ၅၀၀၊ ဦးရဲထွဋ်+ဒေါ်ဥမ္မာမြင့် MY Associate ကုမ္ပဏီ ကျပ်သိန်း ၁၀၀၊ ဗိုလ်ချုပ် မိုးအောင်နှင့်ညီအကိုမောင်နှမများ ကျပ်သိန်း ၁၀၀၊ ထက်မာန်လင်းဆောက်လုပ်ရေးကုမ္ပဏီ ကျပ် ၆၁ သိန်း၊ သီရိမဉ္ဖူအုပ်စုကုမ္ပဏီနှင့် ဦးအောင်ခိုင်ဖောင်ဒေးရှင်း ကျပ်သိန်း ၁၀၀၊ ကွန်းခိုရာဖောင်ဒေးရှင်း ကျပ်သိန်း ၅၀၀၊ မီယာဝင်းအင်တာနေရှင်နယ်ကုမ္ပဏီ ကျပ်သိန်း ၃၀၀ တို့ လှူဒါန်းခဲ့သည်။

ထို့ပြင် ဦးနေအောင်(IGE)ကုမ္ပဏီ ကျပ်သိန်း ၂၀၀၊ ဝစီပိတ်ဆရာတော်ဦးကောဝိဒအား အမှူးထား၍ (ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ)+ ဒေါ်မြင့်မြင့် (သမီး)ဒေါ်ခိုင်မာဆွေနှင့်မြေးများ ကျပ် ၅ သိန်း၊ စတသ(၄၁)ကျောင်းဆင်းအရာရှိများ ကျပ်သိန်း ၂၀၊ ဖိလစ်ပိုင်စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမြင့်နှင့် သံရုံးမိသားစု ကျပ် ၇ သိန်း၊ စတသ(၂၂) ကိုယ်စား ဗိုလ်မှူးဝင်းမြင့် ကျပ် ၂၂ သိန်း၊ ဗိုလ်ချုပ် ခင်မောင်ဌေး(ငြိမ်း) + ဒေါ်ဝင်းဝင်းမြင့် မိသားစု ကျပ် ၁၀ သိန်း တို့  ဇွန်လ ၉ ရက်အထိ အသီးသီး လှူဒါန်းခဲ့ကြသည်။

ယမန်နေ့က တပ်မတော်မှ ကနဦးထောက်ပံ့ငွေ ကျပ် ၇ သိန်းစီ လှူဒါန်းခဲ့ပြီး လှုမှုဝန်ထမ်းမှလည်း ကျပ် သိန်း ၃၀၀ ကျော် ထောက်ပံ့ လှူဒါန်းခဲ့သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုတွင် ကလေးငယ် ၁၅ ဦးအပါအဝင် လူ ၁၂၂ ဦး ပါဝင်ခဲ့ပြီး လက်ရှိတွင် အလောင်း ၃၁ လောင်းသာ ဆယ်ယူရရှိပြီး ယနေ့ ဇွန်လ ၉ ရက်အထိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly