တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အတွက် ကျွမ်းကျင်သူများနှင့် ဆက်ရှာဖွေနေ

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အတွက် ကျွမ်းကျင်သူများနှင့် ဆက်ရှာဖွေနေ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန် ၉ ။          ။ ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အတွက် ယနေ့ ဇွန် ၉ ရက်တွင် ပင်လယ်ပြင်အတွင်း ရာသီဥတုဆိုးရွားနေသော်လည်း ကျွမ်းကျင်သူများနှင့် ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ရှာဖွေရာတွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၈ စီးနှင့်အတူ ဒေသခံငါးဖမ်းစက်လှေ ၂၀ စီးတို့ ပူးပေါင်း၍ ဆိုနာစနစ်ဖြင့်လည်းကောင်း၊ ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေခြင်းဖြင့်လည်းကောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။

အလားတူ ပျက်ကျလေယာဉ်အား တပ်မတော်(ရေ) မှ ဆိုနာအသုံးပြု၍ ရှာဖွေခြင်း၊ ကျွမ်းကျင်ရေငုပ် စစ်သည်များဖြင့် ရှာဖွေခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ဇွန် ၈ ရက် ည ၇ နာရီအထိ ပင်လယ်ပြင်အတွင်းမှ ရုပ်အလောင်း ၃၁ လောင်း ဆယ်ယူရရှိပြီး ဇွန် ၈ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံတွင် လိုအပ်သည့် ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဥးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

အဆိုပါ ရုပ်အလောင်းများအား ဆေးဘက်ဆိုင်ရာ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မိသားစုများက ကြည့်ရှုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ရုပ်အလောင်း ၁၆ လောင်းအား ရုပ်အမည် အတည်ပြုနိုင်ခဲ့သည်။ အမျိုးအမည်ခွဲခြားပြီး ရုပ်အလောင်းများကိုလည်း သက်ဆိုင်ရာမိသားစုများရောက်ရှိချိန်တွင် နာရေးကိစ္စများ ဆောင်ရွက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly