YBS ၅၇ ပေါ်မှ ခါးပိုက်နှိုက်အမျိုးသမီးကို မောင်ခိုင်လမ်းကားမှတ်တိုင်တွင် ဖမ်းဆီး

YBS ၅၇ ပေါ်မှ ခါးပိုက်နှိုက်အမျိုးသမီးကို မောင်ခိုင်လမ်းကားမှတ်တိုင်တွင် ဖမ်းဆီး
ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၈ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ မောင်ခိုင်လမ်းရှိ ကားမှတ်တိုင်တွင် YBS ၅၇ ယာဉ်ပေါ်မှ ခါးပိုက်နှိုက် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဇွန်လ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့် မောင်ခိုင်လမ်းထိပ်ကားမှတ်တိုင်အနီး YBS ၅၇ ပေါ်မှ ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ မရမ်းကုန်းမြို့နယ်နေ မဇင်မာဝင်းဆိုသူအား နံ့သာရောင် ပိုက်ဆံအိတ်နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မဇင်မာဝင်းဆိုသူကိုင်ဆောင်လာသည့် နံသာရောင်ပိုက်ဆံအိတ်အား ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ အိတ် အတွင်းမှ ငွေကျပ် ၃၉ဝဝဝ၀ ကျော် တွေ့ရှိခဲ့ပြီး အဆိုပါ ပိုက်ဆံများမှာ ၎င်းဆင်းလာသည့် ယာဉ်ပေါ်ရှိ အမျိုး သမီးတစ်ဦး၏ စလင်းဘက်အိတ်အတွင်းမှ နှိုက်ယူခဲ့သောပိုက်ဆံများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါ ခါးပိုက်နှိုက်ခံရသည့်အမျိုးသမီးအား ရဲတပ်ဖွဲ့မှစုံစမ်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်နေ မခင် ရွဲဝင်းဆိုသူဖြစ်ကြောင်း သိရှိရပြီး ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ မဇင်မာဝင်းဆိုသူအား လသာမြို့မရဲစခန်း တွင် (ပ)၁၉၇/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၉/၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly