ကစားသမားဘဝစတင်ရာ ရှော်လ်ကေးတွင် ပြန်လည်ကစားလိုသည်ဟု အိုဇေးလ်ဖွင့်ဟ

ကစားသမားဘဝစတင်ရာ ရှော်လ်ကေးတွင် ပြန်လည်ကစားလိုသည်ဟု အိုဇေးလ်ဖွင့်ဟ

ဇွန် ၇၊ လန်ဒန်။             ။ အာဆင်နယ်အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသော ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမား အိုဇေးလ်က ကစားသမားဘဝစတင်ရာ   ရှော်လ်ကေးအသင်းတွင် ပြန်လည်သွားရောက်ကစားလိုသည်ဟု ဖွင့်ဟခဲ့သည်။

အိုဇေးလ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရှော်လ်ကေးအသင်းနှင့်စတင်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ဝါဒါဘရီမင်အသင်းသို့ပြောင်းရွှေ့ခဲ့သည်။

ရှော်လ်ကေးက အမြဲတမ်းကျွန်တော်အားပေးတဲ့အသင်းပါ။ ကျွန်တော့်ဘဝရဲ့အရာအားလုံးက ရှော်လ်ကေးမှာပဲ ဖွံ့ဖြိုးတိုးတက်လာတာပါ။

ဂျာမနီမှာ ကျွန်တော်ကစားချင်ဆုံး အသင်းသုံးသင်းက ရှော်လ်ကေး၊ ဒေါ့မွန်နဲ့ ဘိုင်ယန်အသင်းတွေပါ။ ဒီအသင်းတွေမှာ အံံ့သြစရာကောင်းတဲ့ပရိသတ်တွေ၊ ကစားကွင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဟု အိုဇေးလ်က ပြောသည်။

အိုဇေးလ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရှော်လ်ကေးအသင်းနှင့်စတင်ခဲ့ပြီး ဘောလုံးရာသီနှစ်ရာသီ ကစားပြီးနောက် ဝါဒါဘရီမင်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဝါဒါဘရီမင်မှ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကာ လက်ရှိအချိန်တွင် အာဆင်နယ်အသင်း၌ ကစားနေသည်။ အသက် ၂၈နှစ်အရွယ် ဂျာမန်ကွင်းလယ်ဖန်တီးရှင်ကို အာဆင်နယ်အသင်းက တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းဖြင့် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားပြီး ဆွေးနွေးမှုများပြုလုပ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly