မန္တလေးတွင် မိန်းကလေးကိစ္စ စကားများရာမှ မကျေနပ်သဖြင့် ဓားထိုးမှုဖြစ်ပွား

မန္တလေးတွင် မိန်းကလေးကိစ္စ စကားများရာမှ မကျေနပ်သဖြင့် ဓားထိုးမှုဖြစ်ပွား
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၆ ။              ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃၁ လမ်းအနီးရှိ လမ်းကြားတွင် မိန်းက လေးကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇွန်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဓားထိုးမှုဖြစ်စဉ်မှာ ဇွန်လ ၅ ရက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းအရ ချမ်းအေးသာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက အမှုဖြစ်ပွားနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၇ နှစ်အရွယ် အောင်ကျော်စိုးဆို သူကို ဝမ်းဗိုက်နှင့် နောက်ကျောတွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာနှစ်ချက်ဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဓားထိုးခံရသူကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ည ၉ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

အမှုဖြစ်စဉ်မှာ ဇွန်လ ၅ ရက်၊ နံနက် ၁ဝ နာရီ၊ ၄၅ မိနစ်အချိန်ခန့်က ယင်းရပ်ကွက်ရှိ ရွှေဥယျာဉ်စားသောက် ဆိုင်ရှေ့တွင် အောင်ကျော်စိုးဆိုသူက ဆိုင်ကယ်ပေါ်သို့ တက်နေစဉ် ရန်အောင်ဆိုသူအပါ သုံးဦးက ရောက်ရှိလာပြီး ယခင်မိန်းကလေးကိစ္စဖြင့် စကားများရာမှ မကျေနပ်သဖြင့် ရန်အောင်ဆိုသူက အသင့်ယူလာသည့် ၉ လက်မရှိ စတီးဓားဖြင့် အောင်ကျော်စိုးဆိုသူ၏ ဝမ်းဗိုက်နှင့် နောက်ကျောကို ထိုးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဓားထိုးမှုကျူးလွန်ခဲ့သူ အသက် ၂ဝ အရွယ် ရန်အောင်(ခ) ဗလ ဆိုသူအပါအဝင် အသက် ၂၅ နှစ် အရွယ် ဘအေး(ခ)ဇော်ဦးနှင့် အသက် ၂၈ နှစ်အရွယ် ဇော်ထက်တို့ သုံးဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဇွန်လ ၅ ရက်၊ နေ့လည် ၁ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့ပြီး ချမ်းအေးသာစံမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ မှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly