ခြောက်ဘီးယာဉ်ဖြင့် တရားမဝင်သယ်လာသည့် တမလန်းသစ်များ တရားခံနှစ်ဦးနှင့်အတူ စစ်ကိုင်းတွင်ဖမ်းမိ

ခြောက်ဘီးယာဉ်ဖြင့် တရားမဝင်သယ်လာသည့် တမလန်းသစ်များ တရားခံနှစ်ဦးနှင့်အတူ စစ်ကိုင်းတွင်ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီဌာန

ရန်ကုန်၊ ဇွန်လ ၆ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မြို့အထွက် (၁)မိုင်ခန့်အကွာ နေရာမှ ခြောက်ဘီး ကားဖြင့် တရားမဝင်တင်ဆောင်လာသည့် တမလန်းသစ်များ ဇွန်လ ၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

တရားမဝင် သယ်ဆောင်လာသည့် တမလန်းသစ်များကို ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇွန်လ ၆ ရက်တွင် တရားမဝင်သစ်များ ခိုးယူသယ်ဆောင်နေမှုများအား ရှာဖွေဖော်ထုတ်နေစဉ် တုန်ဖုန်းခြောက်ဘီးယာဉ်ပေါ်မှ တရားခံ နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် သစ်များအား တရားမဝင်သယ်ဆောင်ခဲ့သူ တရားခံနှစ်ဦးကို ထိရောက်စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းတွင် ပ- ပ- က ၆(၁)ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly