အကြမ်းဖက်သမားများနှင့် ဆက်နွယ်ပတ်သက်သူဟု သံသယရှိသူတစ်ဦး ဘူးသီးတောင်တွင် ဖမ်းဆီးရမိ

အကြမ်းဖက်သမားများနှင့် ဆက်နွယ်ပတ်သက်သူဟု သံသယရှိသူတစ်ဦး ဘူးသီးတောင်တွင် ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန်လ  ၆ ။              ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ဘဒကားကျေးရွာလမ်းအနီးတွင် အကြမ်းဖက်သမားများနှင့် ဆက်နွယ်ပတ်သက်သူဟု သံသယရှိသူ အသက် ၃ဝ အရွယ် အာရ်ဗီကျောင်းဆရာ မာမောက်ဆွေယော့ ဆို သူအား ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်သမားများနှင့် ဆက်နွယ်ပတ်သက်သူဟု သံသယရှိသူ အာရ်ဗီကျောင်းဆရာ မာမောက်ဆွေယော့ ဆိုသူကို ဇွန်လ ၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်အချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များ မြောက်ဘဒကားကျေးရွာလမ်း ကင်းလှည့်ဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့်သူမှာ မေလ ၁၉ ရက်၊ နံနက် ၃ နာရီအချိန်က ဘူးသီးတောင်မြို့နယ် ပုဇွန်ချောင်း ကျေးရွာနေ အသက် ၄ဝ အရွယ်ရာအိမ်မှူး ပျောက်ဆုံးနေမှုနှင့်လည်း ပတ်သက်မူရှိနိုင်ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်သမားများနှင့် ဆက်နွယ်ပတ်သက်သူဟု သံသယရှိသူ မာမောက်ဆွေယော့ ဆိုသူကို အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ကျူးလွန်ခြင်းရှိ၊ မရှိကို အသေးစိတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly