အကြမ်းဖက်သမားဟု ယူဆရသည့် သေနတ်သမားတစ်ဦးကို သြစတြေးလျရဲများ ပစ်ခတ်ရှင်းလင်း

အကြမ်းဖက်သမားဟု ယူဆရသည့် သေနတ်သမားတစ်ဦးကို သြစတြေးလျရဲများ ပစ်ခတ်ရှင်းလင်း

ဇွန် ၆ ။             ။ သြစတြေးလျနိုင်ငံမှာ ဇွန်လ ၅ ရက်က အမျိုးသားတစ်ဦးကို သတ်ပြီး အမျိုးသမီးတစ်ဦးကို ဓားစာခံဖမ်းခေါ်ထားတဲ့ သေနတ်သမားတစ်ဦးကို ရဲတပ်ဖွဲ့က သုတ်သင်ရှင်းလင်းလိုက်ရကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ညနေပိုင်းက မဲဘုန်းမြို့တွင်းက တိုက်ခန်းတစ်ခုမှာ အကြမ်းဖက်သမားတစ်ဦးလို့ ယုံကြည်ရတဲ့ ဆိုမာလီနွယ်ဖွား ယာကွတ် ခေရီ ဆိုသူကို သြစတြေးရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ခေရီ ဟာ ယင်းအချိန်က အမျိုးသမီးတစ်ဦးကိုလည်း ဓားစာခံထိန်းသိမ်းထားပြီး အခြားအမျိုးသားတစ်ဦးကိုလည်း ယင်းမတိုင်မီ သတ်ဖြတ်ထားခဲ့သူလို့လည်း သိရပါတယ်။

အဆိုပါ ဓားစာခံထိန်းသိမ်းထားမှုကို ရဲတပ်ဖွဲ့က သတင်းရရချင်း သွားရောက်ရှင်းလင်းရာမှာတော့ ခေရီနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၎င်းကို သုတ်သင်ရှင်လင်းလိုက်နိုင်တာလည်း   ဖြစ်ပါတယ်။

 ဓားစာခံ ဖမ်းခေါ်ခံထားရတဲ့ အမျိုးသမီးကိုလည်း ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။

ယခု သေဆုံးသွားတဲ့ ခေရီဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က သြစတြေးလျ စစ်တန်းလျားတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်ဖြစ်စဉ်နဲ့ ဆက်နွယ်ပတ်သက်နေသူလို့လည်း သိရပါတယ်။

ယခု စီးနင်းမှုမှာတော့ ခေရီဟာ အိုင်အက်စ်နဲ့အယ်လ်ကိုင်ဒါအဖွဲ့တွေအတွက် လုပ်ဆောင်တာလို့လည်း ပြောဆိုသွားခဲ့ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags