တရုတ်မှ တင်သွင်းသည့် ကုန်ပစ္စည်းများ အခွန်သတ်မှတ်ချက်ကိစ္စ ရှမ်းပြည်နယ်လွှတ်တော်တွင် မေးမြန်း

တရုတ်မှ တင်သွင်းသည့် ကုန်ပစ္စည်းများ အခွန်သတ်မှတ်ချက်ကိစ္စ ရှမ်းပြည်နယ်လွှတ်တော်တွင် မေးမြန်း

ရန်ကုန် ဇွန် ၆ ။           ။ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ဆဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများ၏ အခွန်သတ်မှတ်ချက်ကိစ္စကို သိန္နီမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့သည်။

ဇွန်လ ၆ ရက် နံနက် ၁၀ နာရီက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

“တရုတ်နိုင်ငံမှ စိုက်ပျိုးရေးသုံး စက်ပစ္စည်း တင်သွင်းတဲ့နေရာမှာ အသစ်များကိုသာ အခွန်ပေး ဆောင်ရတယ်၊ တစ်ပတ်ရစ်စက်ပစ္စည်းများက ဘာကြောင့် အခွန်ပေးဆောင်တာမရှိတာတွေ၊ မျိုးစေ့ အဖျော်ယမကာ၊ လူသုံးကုန်ပစ္စည်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားသုံးကုန်တင်သွင်းမှုတို့နဲ့ ပတ်သက်တဲ့မေးခွန်းများကို မေးမြန်းခဲ့တယ်’’ ဟု သိန္နီမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက မဇ္ဈိမကို ပြောသည်။

၎င်း၏ မေးခွန်းအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံက "ပြည်သူများအတွက် အခက်အခဲဖြစ်နေပါက လွှတ်တော်တွင် ဥပဒေပြု၍ ပြင်ဆင်သင့်ကြောင်းကိုလည်း ဝန်ကြီးကအကြံပေးပါသေးတယ်' လို့ ပြန်လည်ဖြေကြားကြောင်း ဒေါ်နန်းခင်ထားရီက ပြောသည်။

ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံက ပြန်လည်ဖြေကြားပေးရာမှာ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်သွယ်ခွန်များကို စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားပြီး၊ တင်သွင်းကုန်များနဲ့ စက်ပစ္စည်းများကလည်း စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာ နမှ (FDI) ထောက်ခံချက်လိုအပ်ကြောင်း၊ သတ်မှတ်ထားသည့် အခွန်နှုန်းထားများကို ပြင်ဆင်လိုပါက အခွန်ဦးစီးဌာနထံ တင်ပြနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

ယနေ့ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦး နှင့် တပ်မတော်သားကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ၉ ဦး ကတိသစ္စာပြုခြင်း နှင့် ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly