မောင်တောတွင် ကျေးရွာရာအိမ်မှူးတစ်ဦး အသတ်ခံရ

မောင်တောတွင် ကျေးရွာရာအိမ်မှူးတစ်ဦး အသတ်ခံရ
ဓာတ်ပုံ -  နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ရန်ကုန်၊ ဇွန်လ ၅ ။           ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု၊ ရွာသစ်ကေကျေးရွာမှ ရာအိမ်မှူးတစ်ဦး အသတ်ခံခဲ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၄ ရက်၊ နံနက် ၃ နာရီအချိန်က အဆိုပါ အသတ်ခံခဲ့ရသည့် အသက် ၃၂ နှစ်အရွယ် ရာအိမ်မှူး နူရ်အာမိန် ဆိုသူမှာ ဇနီးဖြစ်သူ၊ အကိုဖြစ်သူတို့နှင့် နေအိမ်၌ အိပ်ပျော်နေစဉ် အမည်မသိ လူ ၁၅ ဦးခန့်မှ တုတ်၊ ဓားများကိုင်ဆောင်ပြီး နေအိမ်အတွင်းဝင်ရောက်လာကာ ရာအိမ်မှူးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်း၏ အကိုဖြစ်သူကိုလည်း ဝိုင်းရိုက်နှက်ထားခဲ့ကြောင်း သိရသည်။

ရာအိမ်မှူး၏ ဇနီးဖြစ်သူက သက်ဆိုင်ရာသို့ တိုင်းကြားခဲ့သဖြင့် ဖမ်းဆီးခံရသူ ရာအိမ်မှူးအား လိုက်လံရှာဖွေရာခဲ့ရာ နံနက် ၁၁ နာရီ၊ ၄၅ မိနစ်ခန့်တွင်  ရွာသစ်ကေကျေးရွာ၏ တောင်ဘက် ပုဇွန်ကန်အနီးတွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသတ်ခံခဲ့ရသည့် ရာအိမ်မှူးအလောင်းကို လက်ရှိတွင် မောင်တောမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထုတ်ပြန်ချက်မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly