ရီးယဲလ်မက်ဒရစ်အသင်းတွင်သာ ပျော်နေသည်ဟု ဂါရတ်ဘေးလ်ပြော

ရီးယဲလ်မက်ဒရစ်အသင်းတွင်သာ ပျော်နေသည်ဟု ဂါရတ်ဘေးလ်ပြော

ဇွန် ၅၊ မက်ဒရစ်။            ။ ရီးယဲလ်မက်ဒရစ်အသင်းတွင်သာပျော်နေပြီး ချန်ပီယံလိဂ်ချန်ပီယံအသင်းနှင့် အနာဂါတ်ဆက်ရှိနေမည်ဟု ဂါရတ်ဘေးလ်က ပြောသည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာထိစာချုပ်ရှိနေသည့် အသက် ၂၇ နှစ်အရွယ်ကစားသမားသည် ဘာနေဗျူးမှထွက်ခွာရန် သတင်းများထွက်နေသည်။

“ကျွန်တော်တို့ဖလားတွေရနေပြီး ကျွန်တော်လည်းပျော်နေပါတယ်။ မက်ဒရစ်နဲ့ ကျွန်တော်နှစ်ရှည်စာချုပ်ထားတယ်။ ကျွန်တော် ရော၊ ကျွန်တော့်မိသားစုပါပျော်နေလို့ ကျွန်တော်တို့လုပ်နေတာကို ဆက်လုပ်သွားရမှာပဲလေ”ဟု ဘေးလ်ကပြောသည်။

စပါးကစားသမားဟောင်းသည် ၂၀၁၃ ခုနှစ်တွင် ထိုစဉ်ကကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းဖြင့် ရီးယဲလ် မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့သည်။

“ရီးယဲလ်အသင်းကိုပြောင်းလာတဲ့အကြောင်းပြချက်က ဖလားတွေရယူဖို့ပါ။ လက်ရှိအချိန်မှာ အောင်မြင်မှုတွေရနေပြီး ဆက်အောင်မြင်အောင်လုပ်သွားဖို့ပါပဲ။

လေးနှစ်အတွင်း ချန်ပီယံလိဂ်ဖလားသုံးလုံးက သိပ်မဆိုးပါဘူး။ ကျွန်တော်တို့ပိုကောင်းလာနိုင်သေးတယ် ထင်တယ်။ တစ်သင်း လုံးပျမ်းမျှအသက်ငယ်နေတုန်းပဲဖြစ်ပြီး တောင့်တင်းတဲ့လူစာရင်းကိုလည်း ပိုင်ဆိုင်ထားတယ်”ဟု ဂါရတ်ဘေးလ်က ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly