မာရက်ဇ်ကိုစိတ်ဝင်စားသော်လည်း ကမ်းလှမ်းမည်မဟုတ်ဟု အာစင်ဝင်းဂါးပြော

မာရက်ဇ်ကိုစိတ်ဝင်စားသော်လည်း ကမ်းလှမ်းမည်မဟုတ်ဟု အာစင်ဝင်းဂါးပြော

ဇွန် ၄၊ အင်္ဂလန် ။           ။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက လက်စတာတောင်ပံတိုက်စစ်ကစားသမားမာရက်ဇ်ကို စိတ်ဝင်စားသော်လည်း ကမ်းလှမ်းမှု ပြုလုပ်မည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၂၆ နှစ်အရွယ်ရှိ မာရက်ဇ်သည် ၂၀၁၅-၁၆ ရာသီက လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် အဓိက နေရာမှ စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။ ၎င်းမှာ လက်စတာအသင်းနှင့် လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူလည်း ဖြစ်သည်။

'မာရက်ဇ်ကို ကျွန်တော်တို့အသင်းက ကမ်းလှမ်းမှုလုပ်မှာလားဆိုတော့။ နိုး..မလုပ်ပါဘူး။ ဒါက ဖြစ်လာနိုင်မယ့် ကိစ္စမဟုတ်ပါဘူး' ဟု အာစင်ဝင်းဂါးက ဆိုသည်။

မာရက်ဇ်သည် ၂၀၁၄ ခုနှစ်က ပြင်သစ်ကလပ် လီဟာဗရီအသင်းမှ လက်စတာသို့ ပေါင် ၄ သိန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး လက်စတာနှင့် ခြေစွမ်းပြကာ ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရခဲ့သူ ဖြစ်သည်။

'လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ နှစ်ကတော့ သူရဲ့စွမ်းဆောင်မှုက အလွန်ကို ထိရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီတုန်းကတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။ ဒါက မာရက်ဇ်ရဲ့ အရည်အချင်းတွေ ယုတ်လျော့သွားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး' ဟု အာစင်ဝင်းဂါးက ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly