ဆွစ်ဇလန်မှာကျင်းပမည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် ကမ်းလွန်ရေနံအလုပ်ရှင်၊ အလုပ်သမားကိစ္စ မြန်မာကိုယ်စားလှယ်များဆွေးနွေးမည်

ဆွစ်ဇလန်မှာကျင်းပမည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် ကမ်းလွန်ရေနံအလုပ်ရှင်၊ အလုပ်သမားကိစ္စ မြန်မာကိုယ်စားလှယ်များဆွေးနွေးမည်

၁၀၆ ကြိမ်မြောက်ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် ကမ်းလွန်ရေနံအလုပ်ရှင်နှင့် အလုပ်သမာရေးရာ အငြင်းပွားမှု ပြဿနာတွေကို ဆွေးနွေးသွားမည်ဟုသိရသည်။

ဇွန်လ ၁ရက်က ယုဇနဟိုတယ်တွင်ပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။  

"ကမ်းလွန်ရေနံ့နဲ့ ပတ်သက်လို့ မရှိသေးဘူး ဥပဒေက။ ၁၉၅၁ ခုနှစ်မှာ ရေနံမြေအလုပ်သမားဥပဒေ ထွက်လာခဲ့တယ်။ သက်သာချောင်ချိရေးဥပဒေထွက်လာခဲ့တယ်။ အဲ့နောက်ပိုင်းမှာ ရေနံနဲ့ပတ်သက်လို့ ဥပဒေမထွက်လာခဲ့ဘူး။ ဒီဥပဒေကိုလည်း နိုင်ငံတာကာ ILO စံချိန်နဲ့အညီ ထွက်စေချင်တယ်" ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကို တက်ရောက်မည့် အလုပ်သမားကိုယ်စားလှယ် ဦးစောတင်က ပြောသည်။

၁၀၆ ကြိမ်မြောက်ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ (ILO) အခြေစိုက်နိုင်ငံဖြစ်သော ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ဇွန်လ ၅ရက်မှ ၁၆ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာနိုင်ငံပေါင်း ၁၆၈နိုင်ငံမှ အစိုးရအဖွဲ့ဝင်များနှင့် အလုပ်ရှင် အလုပ်သမားကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးသွားမည်ဟု သိရသည်။

အလုပ်သမားနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိုင်ငံတကာမှာရှိနေသော မြန်မာအလုပ်သမားများ၏ နစ်နာမှုတွေကို ဖြေရှင်းလာနိုင်မည်ဟု ဆိုသည်။

"ILO ကို တင်ပြပြီးတော့ ဖြေရှင်းနိုင်ရင် နိုင်ငံတာကာမှာ ကျွန်တေ်ာတို့နိုင်ငံရဲ့ အလုပ်သမားတွေကို အနိုင်ကျင့်တာတွေမဖြစ်ဖို့အတွက်ကို တင်ပြမည်ဆိုတာ သိရတဲ့အတွက် ဝမ်းသာတယ်။ တင်ပြပါ။ ကျွန်တော်တို့နိုင်ငံက အလုပ်သမားတွေ နစ်နာနေတာကို ILOကဖြေရှင်းပေးနိုင်ရင်တော့ ကျွန်တော်တို့နိုင်ငံက အလုပ်သမားတွေအတွက် အများကြီးကောင်းတဲ့ ရလဒ်ကောင်းတွေကို ရလာလိမ့်မယ်လို့ ကျွန်တော် ဝမ်းသာပါတယ်" ဟုသူက ဆက်ပြောသည်။

၁၀၆ ကြိမ်မြောက် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ(ILC) ကို မြန်မာနိုင်ငံကပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်နှစ်ဦး တက်ရောက်ဆွေးနွေးသွားမည်ဖြစ်သည်။ အလုပ်သမားကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၈) ဦး တက်ရောက်ဆွေးနွေးသွားမည်ဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly