အမေရိကန်သံရုံးရှေ့ဆန္ဒထုတ်ဖော်သူများ လွှတ်ပေးရန် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများဆန္ဒထုတ်ဖော်

အမေရိကန်သံရုံးရှေ့ဆန္ဒထုတ်ဖော်သူများ လွှတ်ပေးရန် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇွန်   ၁ ။              ။ ၂၀၁၆ခုနှစ်က အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုဖြင့် တရားစွဲဆိုခံထားရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ဇွန်လ ၁ ရက်က ကမာရွတ်မြို့နယ် တရားရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"ဒီလူတွေ ရင်ဆိုင်နေရတာက ပုဒ်မ ၁၉ အရ စွဲထားတာ။ အမိန့်ကလည်း ချကာနီးနေပြီ၊ တစ်ကယ်လည်း ကျူးလွန်ထားခြင်းမရှိတဲ့အခါကျတော့ လွတ်မှာ။ ၁၉ က သေချာတယ်။ အဲဒါကို ၅၀၅ (ခ)ထပ်တပ်ပြီးတော့ ဒါ သက်သက်ယုတ်မာတာပေါ့နော်။ အဲဒီအတွက်ကြောင့် ဆန္ဒပြတာ။" ဟု မျိုးချစ်ရဟန်းတော်များ သမဂ္ဂမှ အရှင်တေဇဝန္တက မိန့်ကြားသည်။

၂၀၁၆ ဧပြီလ ၁၉ ရက်က စစ်တွေမြို့၊ စက်လှေနစ်မြုပ်မှုတွင် သေဆုံးခဲ့သူများကို အမေရိကန်သံရုံးက ရိုဟင်ဂျာ လူမှုအသိုက်အဝန်းဟု ထုတ်ပြန်ခဲ့သည့်အတွက် ၂၀၁၆ ဧပြီ ၂၈ ရက်က ရန်ကုန်မြို့က၊ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာက ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ခွင့်ပြုမိန့်ချပေးခဲ့သော်လည်း အမေရိကန် သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် အမျိုးသားရေးကွန်ယက်က ဦးဝင်းကိုကိုလတ်အပါအဝင် ရဟန်း ၃ ပါးနှင့် လူ ၄ ဦးသည် ငြိမ်း၊ စု၊ စီဥပဒေ ပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် လည်းကောင်း တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly