ဇွန် ၁ ။ ။ မောင်တောမြို့နယ် ၊ ချောင်းကုလားမြောက်ရွာရှိ နေအိမ်တစ်အိမ်မှ စကားပြောစက် အလုံး ၄၀ နှင့် ဆက်စပ်ပစ္စည်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၃၁ ရက်၊ ညနေ ၄ နာရီခန့်က ချောင်းကုလား မြောက်ရွာနေ မောလဝီဘော်နီဂို အာမီ(၅၀)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ယင်းကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
ရှာဖွေတွေ့ရှိရာတွင် စကားပြောစက်အလုံး ၄၀ ၊ ၎င်း ဘတ္ထရီ ၃၆ ခု၊ အားသွင်းခုံ ၄၀ ခု၊ စက္ကူဗူး ၁၀ ဗူး အား သိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင် မော်လဝီဘော်နီဂိုအာမီမှာ ထွက်ပြေး တိမ်းရှောင်နေပြီး ၎င်း၏ဇနီး ဖြစ်သူ ဘော်မီဒါ(၃၀)နှစ် နှင့် ကလေး (၃)ဦးအား တွေ့ရှိခဲ့ရသဖြင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။