မောင်တော၌ စကားပြောစက် အလုံး ၄၀ အား သိမ်းဆည်းရမိ

မောင်တော၌ စကားပြောစက် အလုံး ၄၀ အား သိမ်းဆည်းရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဇွန် ၁ ။         ။ မောင်တောမြို့နယ် ၊ ချောင်းကုလားမြောက်ရွာရှိ နေအိမ်တစ်အိမ်မှ စကားပြောစက် အလုံး ၄၀ နှင့် ဆက်စပ်ပစ္စည်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၃၁ ရက်၊ ညနေ ၄ နာရီခန့်က ချောင်းကုလား မြောက်ရွာနေ မောလဝီဘော်နီဂို အာမီ(၅၀)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ  ယင်းကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ရှာဖွေတွေ့ရှိရာတွင် စကားပြောစက်အလုံး ၄၀ ၊ ၎င်း ဘတ္ထရီ ၃၆ ခု၊ အားသွင်းခုံ ၄၀ ခု၊ စက္ကူဗူး ၁၀ ဗူး အား သိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင် မော်လဝီဘော်နီဂိုအာမီမှာ ထွက်ပြေး တိမ်းရှောင်နေပြီး ၎င်း၏ဇနီး ဖြစ်သူ ဘော်မီဒါ(၃၀)နှစ် နှင့် ကလေး (၃)ဦးအား တွေ့ရှိခဲ့ရသဖြင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly