ဒေါ်အောင်ဆန်းစုကြည် ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားမည်

ဒေါ်အောင်ဆန်းစုကြည် ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားမည်

ဇွန်လ ၁ ။             ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ  ဇွန်လ ၁ ရက်တွင် ထုတ်ပြန်သည်။

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုး၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး မကြာမီကာလတွင် သွားရောက်မည်ဖြစ်သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဆွီဒင်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ဆွီဒင် လွှတ်တော်ဥက္ကဋ္ဌ အော်ရိဘန်အာလင်းနှင့် ဆွီဒင်နိုင်ငံဝန်ကြီးချုပ် စတီဖန်လိုဗန် တို့၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်သည်။

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးသည် ကနေဒါနိုင်ငံ၏ ဒုတိယမြောက် အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်ပြီး  အသက် ၄၆ နှစ်ရှိပြီဖြစ်၍ ကနေဒါ လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly