မကွေးတိုင်းတွင် တပ်မတော်၊ ဌာနဆိုင်ရာ နှင့် ကုမ္ပဏီ သိမ်းဆည်းမြေ ဧက ၄သိန်းခွဲရှိ၊ တောင်သူများပြန်ရအောင် အတတ်နိုင်ဆုံးကူညီမည်ဟု ဝန်ကြီးချုပ်ဆို

မကွေးတိုင်းတွင် တပ်မတော်၊ ဌာနဆိုင်ရာ နှင့် ကုမ္ပဏီ သိမ်းဆည်းမြေ ဧက ၄သိန်းခွဲရှိ၊ တောင်သူများပြန်ရအောင် အတတ်နိုင်ဆုံးကူညီမည်ဟု ဝန်ကြီးချုပ်ဆို

မကွေး၊ မေ ၃၁ ။               ။ သိမ်းဆည်းခံလယ်ယာမြေများ ပြန်ရအောင် တောင်သူလယ်သမားများဘက်က အတတ်နိုင်ဆုံး အကူအညီသွားမည်ဟု မကွေးတိုင်းဒေသကြီး မြေစစ်ကော်မတီအဖွဲ့ ဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

မေလ၂၉ ရက်က မကွေးမြို့၊ ဇင်ယော်မိုတယ်တွင် ပြုလုပ်သည့် သိမ်းဆည်းမြေ ပြန် လည်စိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်များ ပြန်လည်သုံးသပ်ခြင်း မြှင့်တင်ခြင်းဆိုင်ရာ တိုင်းဒေသကြီးအဆင့်အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ရှုပ်ယှက်ခတ်တာတွေကတော့ ပိုင်ဆိုင်မှု အငြင်းပွားတာတွေ ပုံစံခွန် အတုကိစ္စ ပေါ်ပေါက်တာတွေ လျော်ကြေးငွေကိစ္စတွေ စသဖြင့် ရှုပ်ယှက်ခတ်မှုတွေ တွေ့ကြုံရကြောင်း၊ ဘာဘဲဖြစ်ဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ ကြိုးစားသွားမယ်" ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုညိုကပြောသည်။

မကွေးတိုင်းဒေသကြီး မြေစစ်ကော်မီအဖွဲ့ အလုပ်အမှုဆောင် ဦးအောင်ကျော်ကျော်က တောင်သူလယ်သမား သမဂ္ဂအဖွဲ့အစည်း၏ ၂၀၁၄ ခုနှစ် လယ်သိမ်းယာသိမ်း စစ်တမ်းများအရ မကွေးတိုင်းဒေသကြီးအတွင်း တပ်မတော်မှ သိမ်းမြေဧက (၃သိန်းခွဲ)၊ ဌာနဆိုင်ရာနှင့် ကုမ္ပဏီများမှ သိမ်းမြေ ဧက (၁သိန်း)ခန့်ရှိ၍ စုစုပေါင်း မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေသိမ်းဆည်းခံရမှု ဧက(၄သိန်းခွဲ)ခန့်ရှိသည်ဟုပြောသည်။

ယင်းလယ်ယာမြေ သိမ်းဆည်းထားသည့် တပ်မတော်၊ ဌာနဆိုင်ရာနှင့် ကုမ္ပဏီများထဲတွင် မကွေးတိုင်းဒေသကြီး မြေစစ်ကော်မတီအဖွဲ့ ကိုင်တွယ်ရ အခက်ဆုံးမှာ တပ်မတော်မှ သိမ်းမြေများ ဖြစ်သည်ဟု မကွေးတိုင်းဒေသကြီး မြေစစ်ကော်မတီအဖွဲ့အလုပ်အမှုဆောင် ဦးအောင်ကျော်ကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly