မုံရွာပြည်သူ့အားကစားကွင်း အဆင့်မြှင့်တင်မှု ဇွန်လကုန်တွင် ပြီးစီးမည်

မုံရွာပြည်သူ့အားကစားကွင်း အဆင့်မြှင့်တင်မှု ဇွန်လကုန်တွင် ပြီးစီးမည်
မုံရွာပြည်သူ့အားကစားကွင်းအား အဆင့်မြှင့်တင်မှု မပြုလုပ်မီ တွေ့ရစဉ်။ (ဓာတ်ပုံ- မာန်ဇာမြေမွန်)

မုံရွာ၊ မေ ၃၁ ။           ။ မုံရွာမြို့တွင် အဆင့်မြင့်တင်နေသော ပြည်သူ့အားကစားကွင်းအား ဇွန်လကုန်တွင် ပြီစီးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက ပြောသည်။

မုံရွာမြို့နယ် ပြည်သူ့အားကစားကွင်းအား တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

"ပြီးစီးသွားပြီဆိုရင် အားကစားနည်းပေါင်းစုံ ပြိုင်ပွဲကျင်းပလို့ရပါပြီ။ ဇွန်လကုန်လောက်ပြီးမယ်လို့ ခန့်မှန်းထားတယ်။ လောလောဆယ်တော့ ၈၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ" ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက မဇ္ဈိမသို့  ပြောသည်။

အဆိုပါ အားကစားကွင်းအတွင်း ဘောလုံးကစားကွင်းအား ရေစိမ့်မြောင်းဖောက်ခြင်း၊ မြေသားပြုပြင်ခြင်း၊ မြက်စိုက်ခြင်းတို့ပြုလုပ်မည်ဖြစ်ပြီး ကွင်းပက်လည်တွင် (၈)လမ်းပါသော ပြေးလမ်းတို့ ပါဝင်မည်ဖြစ်သည်။

ပြည်သူ့အားကစားကွင်းအား အဆင့်မြှင့်တင်ပြီးပါက ပြေးခုန်ပစ်ကစားခြင်း၊ ဘောလုံးကစားခြင်း၊  တို့အပြင် အများပြည်သူများမှ ကျန်းမာရေးအတွက်လမ်းလျှောက်ခြင်း တို့ကိုပါ လာရောက်   ပြုလုပ်နိုင်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly