တိုရီနိုအသင်းမှ ထွက်ခွာမည်ဟု ဂိုးသမားဂျိုးဟတ်ပြော

တိုရီနိုအသင်းမှ ထွက်ခွာမည်ဟု ဂိုးသမားဂျိုးဟတ်ပြော

မေ ၃၀၊ တူရင်။          ။ တစ်ရာသီအငှားစာချုပ်ဖြင့်ကစားပြီးနောက် အီတလီကလပ်တိုရီနိုအသင်းမှထွက်ခွာတော့မည်ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်က ပြောသည်။

အသက် ၂၉ နှစ်အရွယ် ဂျိုးဟတ်သည် နည်းပြဂွာဒီယိုလာထံမှ လွတ်လပ်စွာထွက်ခွာနိုင်သည်ဟုပြောဆိုခံရပြီးနောက် သြဂုတ်တွင် စီးရီးအေကလပ်ထံအငှားဖြင့်ပြောင်းခဲ့ခြင်းဖြစ်သည်။

တိုရီနိုနည်းပြမီဟိုင်းလိုဗစ်က ဟတ်ကိုဆက်ထိန်းထားချင်သော်လည်း အသင်းအနေဖြင့်တတ်နိုင်စွမ်းမရှိဟု ပြီးခဲ့သည့်လတွင် ပြောဆိုထားသည်။

“ကျေးဇူးတင်ပါတယ် တိုရီနို၊ သိပ်ကောင်းတဲ့အသင်းမှာကစားခွင့်ရခဲ့တဲ့အတွက် သိပ်ဂုဏ်ယူမိပါတယ်။ တစ်နေ့မှာခင်ဗျားတို့နဲ့ ပြန်တွေ့ပါဦးမယ်။ ခုတော့ နှုတ်ဆက်ချိန်ရောက်ပါပြီ။

ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအပေါ် ဆက်ဆံခဲ့ပုံတွေကိုလည်း ကျွန်တော်တို့ဘယ်တော့မှမမေ့ပါဘူး။ ကျွန်တော့်လက်ကျန် တစ်ဘဝလုံး တိုရီနိုကိုအားပေးသွားမှာပါ။

သိပ်ကောင်းတဲ့သူတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး ကျွန်တော့်ဘဝမှာ အရမ်းကောင်းတဲ့အတွေ့အကြုံတွေကိုရရှိခဲ့ပါတယ်”ဟု အင်္ဂလန် ဂိုးသမားက လူမှုကွန်ယက်တွင်ရေးထားသည်။

တိုရီနိုအသင်းသည် တနင်္ဂနွေနေ့တွင် ဆက်ဆူအိုလိုကို ၅-၃ ဂိုးဖြင့်အနိုင်ရခဲ့ပြီး စီးရီးအေအဆင့် ၉ နေရာဖြင့် ရာသီအဆုံးသတ် နိုင်ခဲ့သည်။

တိုရီနိုဥက္ကဋ္ဌကိုင်ရိုကမူ ၎င်းအနေဖြင့် ဂျိုးဟတ်ထံမှအမှားအယွင်းများစွာမျှော်လင့်ထားခဲ့ခြင်းမရှိဟု ယခုလအစောပိုင်းတွင် ဝန်ခံ ပြောဆိုထားသည်။

ဂျိုးဟတ်သည် မန်စီးတီးအသင်းနှင့် နှစ်နှစ်စာချုပ်သက်တမ်းကျန်သေးသော်လည်း ယခုနှစ်နွေရာသီတွင် အသင်းပြောင်းဖွယ်ရှိ သည်။ အင်္ဂလန်အတွက် ၆၈ ပွဲကစားထားသည့်ဟတ်ကို ပရီးမီးယားလိဂ်နှင့် ဥရောပကလပ်များက ချိတ်ဆက်နေကြသည်။

သို့သော် လီဗာပူးလ်နည်းပြကလော့ပ်ကမူ ဟတ်ကိုခေါ်ယူရန်စိတ်ဝင်စားခြင်းမရှိဟု ပြီးခဲ့သည့်လက ပြောဆိုထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags