မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်ပြီးနောက် ဆွေးနွေးပွဲများ ပြန်စရန် တရုတ်ကတိပြု

မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်ပြီးနောက် ဆွေးနွေးပွဲများ ပြန်စရန် တရုတ်ကတိပြု

ပြုံယမ်း၊ မေ ၂၉ ။            ။ ကုလသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုကို အာခံကာ မြောက်ကိုရီးယားက နောက်ဆုံးဒုံးကျည်ပစ်လွှတ်မှု စမ်းသပ်လိုက်ခြင်းကြောင့် ယင်းအရေးအတွက် ဆွေးနွေးပွဲများ ပြန်စရန် တရုတ်နိုင်ငံက ကတိပြုလိုက်သည်။

 

မြောက်ကိုရီးယားနိုင်ငံအားလည်း ကုဘသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ဖီဆန်သည့် အမှုအကျင့်များကို ရှောင်ကြဉ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

"သက်ဆိုင်ရာ အဖွဲ့အုပ်စုနိုင်ငံတိုင်းက ကိုရီးယားကျွန်းဆွယ်အရေး တည်ငြိမ်မှုရှိအောင် ထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီကျွန်းဆွယ်ပြဿနာကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ လမ်းကြောင်းမှန်က အဖြေရှာသွားကြပါစို့။"ဟု ယင်းထုတ်ပြန်ချက်ဆိုသည်။

ကုလသမဂ္ဂ၏ ဒဏ်ထတ်ပိတ်ဆို့မှု သတိပေးထားခြင်းနှင့် အမေရိကန်က စစ်ရေးအရ အရေးယူမည် ခြိမ်းခြောက်ထားခြင်းကို မထေ့မဲမြင်ပြုသည့် မြောက်ကိုရီးယား၏ ယခုဒုံးကျည်စမ်းသပ်မှုသည် သီတင်းပတ်များအတွင်း သုံးကြိမ်မြောက်ဖြစ်ကာ ယခုနှစ်အတွင်း ၁၂ ကြိမ်မြောက်ဖြစ်သည်။

ယခုလအစောပိုင်းက တာဝေးပစ်ဒုံးကျည်ဖြစ်သည်ဟု သုတေသီများအကဲဖြတ်ထားသော မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုနောက်ပိုင်း လုံခြုံရေးကောင်စီက ပြုံယမ်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ တင်းကြပ်ရန် ဆော်သြခဲ့သည်။

သို့သော် ပြုံယမ်းအတွက် အဓိကကုန်သွယ်ဖက်နှင့် မဟာမိတ်ဖြစ်သော တရုတ်က ၂၀၀၉ ခုနှစ်အတွင်း မြောက်ကိုရီးယား သပိတ်မှောက်ထွက်ခွာသွား၍ အစပျောက်နေခဲ့သော ခြောက်နိုင်ငံဆွေးနွေးပွဲများ ပြန်စရေးကိုသာ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly