ရခိုင်ပြည်နယ်အတွင်း ရေကြောင်းလိုင်းများအား ခရီးဝေးသို့မသွားရန် ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း ရေကြောင်းလိုင်းများအား ခရီးဝေးသို့မသွားရန် ထုတ်ပြန်
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲလျှက်ရှိနေသည့် ရေကြောင်းလိုင်းများအား ခရီးဝေးများမထွက်ခွာရန် ပြည်တွင်းရေကြောင်းဌာန မှ ယနေ့ မေလ ၂၉ရက်၊ ညနေ ၄ နာရီက ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းမှာ စစ်တွေမြို့နှင့် မိုင် ၂၀၀ ခန့်အကွာတွင် ဗဟိုပြုနေသဖြင့် ဒေသတွင်း ပြေးဆွဲလျှက်ရှိသည့် ရေကြောင်းလိုင်းများအား ဘေးအန္တရာယ်မဖြစ်စေရန်အတွက် မေလ ၂၈ ရက်နေ့ မှ စတင်ကာ ရေယာဉ်များ ပြေးဆွဲမှုများကို ရပ်နားလိုက်ပြီး ယနေ့ညနေပိုင်းတွင် ရေကြောင်းဌာနမှ အမိန့်စာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဒီနေ့ ညနေပိုင်းကစပြီးတော့ ခရီးစဉ်အားလုံးကို ရပ်လိုက်ပါပြီ။ ခရီးဝေးတွေကိုတော့ မနေ့ကနေ ရပ်ထားပါတယ်။ ရခိုင်ပြည်နယ် ရေကြောင်းဌာနကနေ မုန်တိုင်းဟာ ရခိုင်ပြည်နယ်ကို ဖြတ်သွားနိုင်တဲ့အတွက် ခရီးဝေးတွေကို ရပ်ပေးပါဆိုပြီးတော့ မနေ့ကစာထုတ်ပါတယ်”ဟု ရွှေပြည်တန်ရေကြောင်းလိုင်း ရခိုင်ပြည်နယ် မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ရေကြောင်းလိုင်းများမှာ ခရီးဝေးသို့ပြေးဆွဲခြင်းမပြုကြတော့ဘဲ ဘူးသီးတောင်၊ မြောက်ဦး၊ ပေါက်တောလိုင်းများကိုသာ ပြေးဆွဲခဲ့ကြောင်းနှင့် တောင်ကုတ်၊ ဘူးသီးတောင်လိုင်းမှ စစ်တွေသို့ အဝင်လိုင်းများရှိနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly