အမိနိုင်ငံအာမေးနီးယား၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို မန်ယူကွင်းလယ်ကစားသမား အမ်ခီတာရန်ရရှိ

အမိနိုင်ငံအာမေးနီးယား၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို မန်ယူကွင်းလယ်ကစားသမား အမ်ခီတာရန်ရရှိ

အင်္ဂလန်၊ မေ ၂၉ ။             ။ အမ်ခီတာရန်သည် မန်ယူအသင်းနှင့်အတူ ခြေစွမ်းပြကစားပြီး အောင်မြင်မှုများရရှိခဲ့သောကြောင့် အမိနိုင်ငံအာမေးနီးယား၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

Aurora Prize awards ဟု ခေါ်ဆိုသော အဆိုပါဆုမှာ အာမေးနီးယားနိုင်ငံအတွက် ကျေပွန်စွာတာဝန်ထမ်းဆောင်သည့် လက်နက်ကိုင်ဆောင်ခွင့်ရ လူပုဂ္ဂိုလ်များကိုသာပေးအပ်ခြင်းဖြစ်သော်လည်း အမ်ခီတာရန်မှာ အာမေးနီးယားနိုင်ငံ၏ဂုဏ်ကို အားကစားဖြင့်မြှင့်တင်နိုင်ခြင်းကြောင့် ထူးခြားစွာဆုရခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က အခမ်းအနားကျင်းပပြီး အာမေးနီးယားနိုင်ငံသမ္မတ Serzh Sargsyan က အမ်ခီတာရန်ကို ဂုဏ်ထူးဆောင်ဆုတံဆိပ်ပေးအပ်ခဲ့သည်။

အမ်ခီတာရန်သည် ၂၀၀၉ ခုနှစ်က စတင်ပြီး အာမေးနီးယားတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပြီး ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ ခြောက်နှစ်ဆက်တိုက်လည်း ဆုထပ်မံရရှိထားသူဖြစ်သည်။

အမ်ခီတာရန်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ၁၁ ဂိုးသွင်းယူပေးခဲ့ပြီး ယူရိုပါလိဂ်ဖလား၊ လိဂ်ရှုံးထွက်ဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags