ပဲခူးတိုင်း ဝန်ကြီးချုပ်ဖလား ရိုးရာလက်ဝှေ့ပြိုင်ပွဲ တံခွန်စိုက်ဆုဖလား တောင်ငူခရိုင် အသင်းရရှိ

ပဲခူးတိုင်း ဝန်ကြီးချုပ်ဖလား ရိုးရာလက်ဝှေ့ပြိုင်ပွဲ တံခွန်စိုက်ဆုဖလား တောင်ငူခရိုင် အသင်းရရှိ

မေလ ၂၈ ရက်က ပဲခူးတိုင်း ဝန်ကြီးချုပ်ဖလား လေးခရိုင် ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ ဗိုလ်လုပွဲများကို ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး တံခွန်စိုက် ဆုဖလားကို တောင်ငူခရိုင် အသင်းက ရရှိခဲ့ကြောင်းသိရသည်။

ယင်းပြိုင်ပွဲကို မေလ ၂၇ ရက် နှင့် ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး  ပဲခူးတိုင်းအတွင်းရှိ ပဲခူးခရိုင်၊ တောင်ငခရိုင်၊ ပြည်ခရိုင်၊ တောင်ငူခရိုင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

မေလ ၂၇ ရက်တွင် ဝိတ်တန်းအလိုက် ပြိုင်ပွဲ ၁၁ ပွဲ၊ ကြားပွဲ ၃ ပွဲ၊ စိန်ခေါ်ပွဲ ၁ပွဲ ထိုးသတ်ခဲ့ပြီး မေလ ၂၈ ရက်တွင် ဝိတ်တန်းအလိုက် ပြိုင်ပွဲ ၉ပွဲ၊ ကြားပွဲ ၄ပွဲ၊ စိန်ခေါ်ပွဲ ၂ ပွဲ ထိုးသတ်ခဲ့သည်။

တောင်ငူခရိုင် အသင်းက ရွှေတံဆိပ် ၂ ခု ငွေတံဆိပ် ၂ ခု ဖြင့် ပထမ တံခွန်စိုက်ဆုဖလား ရရှိခဲ့ပြီး ပဲခူးခရိုင် အသင်းက ရွှေတံဆိပ် ၂ခု ငွေတံဆိပ် ၁ ခု ဖြင့် ဒုတိယ ရရှိခဲ့သည်။ ပြည်ခရိုင်အသင်းက ရွှေတံဆိပ် ၁ ခုရရှိခဲ့သည်။

တံခွန်စိုက် ဆုဖလားရရှိသွားသော တောင်ငူခရိုင် အသင်းကို ပဲခူးတိုင်းဝန်ကြီးချုပ်က ငွေကျပ်(၁)သိန်း၊ ပဲခူးတိုင်းရိုးရာလက်ဝှေ့ကော်မတီက ငွေကျပ် (၂)သိန်း၊ ပဲခူးတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ ငွေကျပ် (၂)သိန်းစုစုပေါင်း ငွေကျပ် (၅)သိန်းဆုချီးမြှင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly