မဘသအမည်ဖျက်သိမ်း၍ “ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်းဒေးရှင်း” အမည်ဖြင့် ဆက်လက်ရပ်တည်မည်

မဘသအမည်ဖျက်သိမ်း၍ “ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်းဒေးရှင်း” အမည်ဖြင့် ဆက်လက်ရပ်တည်မည်

ရန်ကုန်၊ မေ ၂၈ ။          ။အမျိုးဘာသာသာသနာစောင့်ရှောရေးအဖွဲ့၏ မဘသအမည်ကို ဆက်လက်မသုံးစွဲဘဲ “ဗုဒ္ဓဓမ္မ ပရဟိတဖောင်းဒေးရှင်း” အမည်ဖြင့် ရပ်တည်သွားမည်ဟု မေ ၂၈ရက်တွင် အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ဒုတိယနေ့ ပြုလုပ်သည့် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ(ဗဟို) အသိပေး ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။

အသင်းအဖွဲ့ဆိုင်ရာဥပဒေအရ မဘသအဖွဲ့ကို ဖျက်သိမ်းခွင့်မရှိသော်လည်း သံဃာအချင်းချင်း၊ လူပုဂ္ဂိုလ်အချင်းချင်း စိတ်ဝမ်း မကွဲပြားစေလိုသော မျှော်မှန်းချက်ဖြင့် ဆရာတော်ဘုရားကြီးများက မဟနအမိန့်အတိုင်း မဘသအမည်ကိုပယ်ဖျက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။

အဖွဲ့၏ အမည်ကို "ဗုဒ္ဓဓမ္မ ပရဟိတအသင်းကြီး"နှင့်"ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း" အမည် ၂ မျိုးကို တက်ရောက်လာသော မြို့နယ်အားလုံးက မဲစနစ်ဖြင့် အတည်ပြု ရွေးချယ်စေခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့တွင်လည်း “ဗုဒ္ဓဓမ္မ ပရဟိတဖောင်းဒေးရှင်း” အမည်ဖြင့် သာသနာလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရန်လည်း မဘသဆရာတော်ကြီးများက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly