ပန်​း​တောင်​းမြို့နယ်​ မှ ရဲစခန်​းလိုင်​းခန်​းများ ပြုပြင်​ရန်​ တိုင်​းလွှတ်​​တော်​သို့ တင်​ပြမည်​

ပန်​း​တောင်​းမြို့နယ်​ မှ ရဲစခန်​းလိုင်​းခန်​းများ ပြုပြင်​ရန်​ တိုင်​းလွှတ်​​တော်​သို့ တင်​ပြမည်​

ပြည်၊ မေ ၂၇ ။              ။ ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ် မြို့မရဲစခန်း နှင့် ထုံးဘို ရဲစခန်း တို့ မှ အိမ်ထောင်သည် လိုင်းခန်းအချို့ကို ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်း မေးမြန်းမည်ဟု ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ပပဟန်က ပြောသည်။

"ပြုပြင်တာတော့ မကြာသေးဘူး ။ ဒါပေမယ့် သိပ်မကောင်းဘူး ။ တစ်ချို့ ယိုင်နဲ့ နေတယ် "ဟု ပန်းတောင်း ြ မို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ပပဟန်က ဆိုသည်။

၎င်းရဲလိုင်းခန်းများ ပြုပြင်ပေးရန် အစီအစဉ်ရှိမရှိ လာမည့် ဇွန်လအတွင်း ကျင်းပမည့် ပဲခူးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဒေါ်ပပဟန်က မေးခွန်းမေးမြန်းမည် ဖြစ်သည်။

ပျက်စီးယိုယွင်းနေသော လိုင်းခန်းများမှာ ပန်းတောင်းမြို့မရဲစခန်း မှ အိမ်ထောင်သည်လိုင်းခန်း ၁၉ ခု နှင့် ထုံးဘို ရဲစခန်းမှ အိမ်ထောင်သည်လိုင်းခန်း ၁၅ ခု တို့ ဖြစ်သည်။

လိုင်းခန်းအချို့ကို ပြုုပြင်နေထိုင်သော်လည်း နေထိုင်၍ မရသည့် လိုင်းခန်းအချို့လည်း ရှိနေသည်။ ဒေသခံ ရဲတပ်ဖွဲ့ ဝင်မိသားစု အချို့က လိုင်းခန်းမယူဘဲ အိမ်ပြန်နေကြသည်ဟု ဒေါ်ပပဟန်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly