အရှေ့တောင်အာရှတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများက ဒေသတွင်းအိုင်အက်စ်ခေါင်းဆောင် သေဆုံးခဲ့ခြင်းနှင့် စပ်ဆက်ဟု မလေးရှားပြော

အရှေ့တောင်အာရှတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများက ဒေသတွင်းအိုင်အက်စ်ခေါင်းဆောင် သေဆုံးခဲ့ခြင်းနှင့် စပ်ဆက်ဟု မလေးရှားပြော

ကွာလာလမ်ပူ၊ မေ ၂၆ ။          ။ ဆီးရီးယားက အိုင်အက်စ်အဖွဲ့၏ အရေးပါသော မလေးရှားဆိုင်ရာခေါင်းဆောင် မကြာသေးမီက သေဆုံးခဲ့ခြင်းဖြင့် အရှေ့တောင်အာရှတွင် တိုက်ခိုက်မှုများ ဖြစ်ပွားသည်က စပ်ဆက်မှုရှိနေသည်ဟု မလေးရှားဒုတိယဝန်ကြီးချုပ်က ပြောကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။

အရှေ့တောင်အာရှတွင် ခြေကုပ်ယူလှုပ်ရှားနေသည့် အိုင်အက်စ်အဖွဲ့၏ မလေးကျွန်းဆွယ်ယူနစ် ခေါင်းဆောင် မိုဟာမတ်ဝန်ဒီမိုဟာမက်ဂျီဒီ သေဆုံးခြင်းကို ဒုတိယဝန်ကြီးချုပ် အာမတ်ဇာဟစ်ဟာမီဒီက ရည်ညွှန်းပြောခဲ့ခြင်းဖြစ်သည်။

မေလအတွင်းက ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးသည်ဟု ဝန်ဒီ၏ သေဆုံးမှုနှင့် ဖိလစ်ပိုင်နိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေညာထားရပြီဖြစ်သည့် မန်ဒါနာအိုကျွန်းတွင် Maute အုပ်စုတို့ တိုက်ခိုက်မှုများက စပ်ဆက်မှုရှိသည်ကို ထောက်လှမ်းရေးအဖွဲ့အစည်းများက ချိတ်ဆက်မိကြောင်း ဟာမီဒီက ဆိုသည်။

မန်ဒါနာအို ပုန်ကန်မှုများမှသည် မေ ၂၄ ရက်က လူငါးဦး သေဆုံးခဲ့သော ဂျကာတာမြို့တွင် ဖြစ်ပွားသည့် အသေခံဗုံးခွဲမှုအထိ ဝန်ဒီသေဆုံးရမှုနှင့် စပ်ဆက်နေကြောင်း၊ ထိုင်းတောင်ပိုင်းက မွတ်စလင်ခွဲထွက်ရေးသမားများ၏ လှုပ်ရှားမှုတို့သည်လည်း စပ်ဆက်နေသည့် ဖြစ်စဉ်များဖြစ်ကြောင်း ထောက်လှမ်းရေးကွန်ရက်က ဆိုသည်။

“ထိုင်းတောင်ပိုင်း၊ ဂျကာတာနဲ့ မန်ဒါနာအိုတို့မှာ ဖြစ်ပွားနေတာတွေဟာ ဝန်ဒီ သုတ်သင်ခံရတာနဲ့ စပ်ဆက်ပတ်သက်တယ်ဆိုတာ ထောက်လှမ်းရေးအဖွဲ့အစည်းက တွေ့ရှိထားပါတယ်။”ဟု ဟာမီဒီက ပြောကြောင်း The Star သတင်းစာတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly