လာမည့်ရာသီ ချန်ပီယံလိဂ်အုပ်စုခွဲသည့်အခါ မန်ယူအသင်း မဲအိုး ၂ တွင် ကျရောက်မည်

လာမည့်ရာသီ ချန်ပီယံလိဂ်အုပ်စုခွဲသည့်အခါ မန်ယူအသင်း မဲအိုး ၂ တွင် ကျရောက်မည်

မေ ၂၅၊ မန်ချက်စတာ။          ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရခဲ့ရာ အုပ်စုခွဲဝေသည့်အခါ မဲအိုး ၂ တွင်ကျရောက်မည်ဖြစ်သည်။

ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရ အင်္ဂလိပ်ကလပ်များထဲတွင် ချယ်လ်ဆီးတစ်သင်းသာ မဲအိုး ၁ တွင်ကျရောက်မည်ဖြစ်ပြီး ယူနိုက်တက်မှာ ဘာစီလိုနာ၊ အက်သလက်တီကို၊ ပီအက်စ်ဂျီ၊ ဒေါ့တ်မွန်၊ မန်စီးတီး၊ ပေါ်တိုတို့နှင့်အတူ မဲအိုး ၂ တွင် ကျရောက် မည်ဖြစ်သည်။ မဲအိုး ၂ မှအသင်းများမှာ တစ်အုပ်စုတည်းအတူ ကျရောက်မည်မဟုတ်ပေ။

သို့သော် ယူနိုက်တက်မှာ မဲအိုး ၁ မှ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်၊ ဘင်ဖီကာ၊ ရှက်တာဒိုးနက်၊ မိုနာကို သို့မဟုတ် စပါးတပ်မော်စကို တစ်သင်းသင်းနှင့်မူ တစ်အုပ်စုတည်း ကျမည်ဖြစ်သည်။ တစ်နိုင်ငံတည်းမှအသင်းများမှာ အုပ်စုအဆင့်တွင် အတူကျရောက်မည်မဟုတ်ပေ။

ယူနိုက်တက်အနေဖြင့် မဲအိုး ၃ မှ ဘေဆယ်၊ အန်ဒါလက်ချ်၊ အိုင်းယက်စ်၊ နာပိုလီ သို့မဟုတ် ရိုးမား၊ ဒိုင်နမိုကိဗ်၊ အိုလံပီယာကို့စ် တို့အပြင် ပလေးအော့ဖ်မှ တက်လာနိုင်သည့် စပို့တင်းလစ္စဘွန်းတို့အနက်မှ တစ်သင်းသင်းနှင့်လည်း တစ်အုပ်စုတည်းကျမည် ဖြစ်သည်။

လိုက်ဇစ်၊ ဖီယင်နုတို့မှာ ယူအီးအက်ဖ်အေအဆင့်သတ်မှတ်ချက်မြင့်မားသည့် အခြားမည်သည့်အသင်း ချန်ပီယံလိဂ်အုပ်စု အဆင့်ရောက်မည့်အပေါ်မူတည်ပြီး မဲအိုး ၃ သို့မဟုတ် ၄ တွင် ကျရောက်မည် ဖြစ်သည်။ လိုက်ဇစ်နှင့် ဖီယင်နုတို့သာ မဲအိုး ၄ တွင်ကျရောက်လျှင် ယူနိုက်တက်နှင့် တစ်အုပ်စုတည်းကျရောက်နိုင်ခြေရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly