တစ်ပတ်ကြာ မီးလောင်နေသော မုံရွာမြို့ရှိ အမှိုက်ပုံအား မေ ၂၅ရက် အပြီး ငြိှမ်းမည်

တစ်ပတ်ကြာ မီးလောင်နေသော မုံရွာမြို့ရှိ အမှိုက်ပုံအား မေ ၂၅ရက် အပြီး ငြိှမ်းမည်

မုံရွာ၊ မေ ၂၄ ။             ။ မေလ ၁၇ ရက်မှ စတင်ကာ မီးလောင်ကျွမ်းနေသော မုံရွာမြို့၊ ချမ်းမြဝတီရပ်ရှိ အမှိုက်ပုံအား မေ ၂၅ ရက်တွင် အပြီးငြှိမ်းသတ်မည်ဟု မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းစမ်းအေးက ပြောသည်။

ယင်းအမှိုက်ပုံမီးအား တမြေ့မြေ့နှင့် လောင်ကျွမ်းလျက်ရှိပြီး မီးသတ်ယာဉ်များဖြင့် နေ့စဉ်ငြိမ်းသက်နေသော်လည်း ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်။

"အမှိုက်ပုံမီးလောင်ကျွမ်းမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုတွေရှိလာပါတယ်။ ရပ်ကွက်နေပြည်သူတွေကလည်း အနံ့အသက်ကြောင့် နေလို့မရတဲ့အကြောင်း ပြောပြနေကြပါတယ်။ ဒါ့ကြောင့်မို့ ဒီနှစ်ရက်အတွင်းမှာ အပြီးသက်ငြိမ်းမှာပါ" ဟု မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးက မဇ္ဈိမသို့ ပြောသည်။

မုံရွာမြို့ရှိ လုပ်ငန်းရှင်များကလည်း မီးငြှိမ်းသတ်ရန်အတွက် လှူဒါန်းမှုများ ပြုလုပ်နေပြီး ဘူဒိုဇာများ၊ ဘတ်ဟိုးယာဉ်များ၊ မြေသယ်ယာဉ်ကြီးများဖြင့် ငြှိမ်းသတ်မည်ဖြစ်သည်။

မီးငြှိမ်းသတ်ရာတွင် ရေဖြင့်ငြှိမ်းသတ်သော်လည်း ဆက်လက်လောင်ကျွမ်းနေသဖြင့် ယခုအခါ မြေဖို့ပြီးမှ ရေဖြင့် ဆက်လက်ငြှိမ်းသတ်ရန် စီစဉ်နေသည်။

မေ ၂၄ ရက် နံနက်ပိုင်းက ချမ်းမြဝတီရပ်ကွက်နေ ပြည်သူများမှ အနံ့အသက်မခံနိုင်သဖြင့် အမှိုက်ကားများ ဆက်လက်ဖြတ်သန်းခြင်းမပြုရန် တောင်းဆိုခဲ့ကြပြီး လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းမှ လာရောက်တောင်းပန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly