ရန်ကုန်တွင် ကျောင်းကားများအတွက် တောင်ကိုရီးယားက ဘတ်စ်ကားအစီး ၂၀၀ တင်ပို့မည်

ရန်ကုန်တွင် ကျောင်းကားများအတွက် တောင်ကိုရီးယားက ဘတ်စ်ကားအစီး ၂၀၀ တင်ပို့မည်
Photo: Hyundai

ရန်ကုန်တွင် ကျောင်းကားများအဖြစ် အသုံးပြုရန်အတွက် တောင်ကိုရီးယားနိုင်ငံက ဘတ်စ်ကားစီးရေ ၂၀၀ ကို ထုတ်လုပ်တင်ပို့မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကုန်သွယ်ရေးမြှင့်တင်မှုအေဂျင်စီ၏ မေ ၂၂ ရက်က ပြောကြားချက်ကို ယွန်ဟတ်သတင်းက ဖော်ပြသည်။

ကိုရီးယား ကုန်သွယ်ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီ KOTRA ၏ ထုတ်ပြန်ချက်အရ ဟွန်ဒိုင်းမော်တာကုမ္ပဏီမှ ထုတ်လုပ်သော ထိုင်ခုံ ၂၉ ခုံဆံ့ New County ဘတ်စ်ကားများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် KOTRA တို့အကြား သဘောတူညီမှုအရ လာမည့်လတွင် မြန်မာနိုင်ငံသို့ စတင်တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

ယခုသဘောတူညီမှုသည် တောင်ကိုရီးယားနိုင်ငံအနေဖြင့် အာရှနိုင်ငံတစ်နိုင်ငံနှင့် အစိုးရချင်း (G2G) စနစ်ဖြင့် ပထမဆုံးသဘောတူညီခဲ့သည့် အရောင်းအဝယ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly