ရခိုင်ပြည်နယ်အတွင်းမှ မျက်စိဝေဒနာရှင်များအား ခွဲစိပ်မှုစတင်

ရခိုင်ပြည်နယ်အတွင်းမှ မျက်စိဝေဒနာရှင်များအား ခွဲစိပ်မှုစတင်
ဓါတ်ပုံ - နောင်နောင်/RiA

စစ်တွေ၊ မေ ၂၂ ရက် ။            ။ ရခိုင်ပြည်နယ်  မြို့နယ်လေးခုအတွင်းရှိ မျက်စိဝေရောဂါဝေဒနာများ ဖြစ်ပွားလျှက်ရှိသည့် ဝေဒနာရှင်ပေါင်း ၃၀၀ ကို ယနေ့ စတင်ခွဲစိပ်ကုသ ပေးလျက်ရှိသည်။

အဆိုပါဝေဒနာရှင်များမှာ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရသေတောင်မြို့များမှ အတွင်းတိမ်မျက်စိဝေဒနာ စွဲကပ်နေသူများဖြစ်ပြီး မေလ ၂၂ ရက်နေ့မှစတင်ကာ မေလ ၂၄ ရက်နေ့အထိ စစ်တွေမြို့ ရွှေကရုဏာ ဆေးခန်းတွင် အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မျက်စိဝေဒနာရှင် စုစုပေါင်းက ၃၀၀ ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ခွဲစိတ်ကုသရမယ့်လူနာ ကတော့ ၁၃၀ ဦးဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ သောက်ဆေးသောက်လိုက်ရင် သက်သာသွားမယ့် အနေအထားတွေပါ။ အဲဒီဝေဒနာရှင်တွေကို ရန်ကုန်ကဆရာဝန်ကြီးတွေက လာရောက်ကုသပေးနေတာ ဖြစ်ပါတယ်”ဟု ရွှေကရုဏာဆေး ခန်းမှ ဦးစံရွှေကပြောသည်။

အတွင်းတိမ်မျက်စိဝေဒနာရှင်များအား အခမဲ့ကုသနိုင်ရေးအတွက် ရွှေကရုဏာဖောင်ဒေးရှင်းနှင့် ရခိုင်ပြည်နယ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆက်လက်၍ပြောသည်။

“ကျွန်တော်တို့ကို အခုလို မျက်စိခွဲစိပ်ကုသပေးတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့က ကိုယ်တိုင်ဆေးရုံးတက်ပြီး ကုသဖို့အတွက် ငွေကြေးမတတ်နိုင်ဘူး။ နေထိုင်ဖို့အတွက်ရော လိုအပ်တဲ့ အထောက်အကူပစ္စည်းတွေအကုန်လုံး အခမဲ့ပေးထားတဲ့အတွက် အများကြီးအဆင်ပြေပါတယ်။”ဟု ဘူးသီးတောင်မြို့နယ်မှ ဦးကျော်စိုးနိုင်ကပြောသည်။

မျက်စိဝေဒနာရှင်များအား ယခင်က ၁၀ ကြိမ် ကုသပေးပြီးဖြစ်ရာ ယခုအကြိမ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တို့မှ အတွင်းတိမ်မျက်စိဝဒနာရှင်များကို အခမဲ့ကုသပေးနိုင်ရေးအတွက် ရန်ကုန်မြို့မှ ဆရာဝန်ကြီးများက လာရောက်ကု သပေးခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly