ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အီဗရာဟီမိုဗစ်ပြော

ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီဟု အီဗရာဟီမိုဗစ်ပြော

မေ ၂၁၊ အင်္ဂလန် ။            ။ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က အေဂျက်ဇ်အသင်းနှင့်ကစားရမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း နောက်ပြောင်ပြောဆိုလိုက်သည်။

အန်ဒါလက်ချ်အသင်းနှင့်ကစားခဲ့သော ယူရိုပါလိဂ်ပွဲတွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့သည့် မိုဗစ်သည် ယခုအချိန်တွင် ရေကူးကန်အတွင်း လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်နေပြီ ဖြစ်သည်။

University of Pittsburgh's Medical Center တွင် ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရာအောင်မြင်ခဲ့ပြီးနောက် အဆင့်ဆင့်ကုသမှု၊ လေ့ကျင့်မှုများကို ပြုလုပ်နေခြင်း ဖြစ်သည်။

မိုဗစ်၏ဒဏ်ရာမှာ ကိုးလခန့်အနားယူရမည်ဟု ခန့်မှန်းထားသည်။ မန်ယူနှင့်မိုဗစ်တို့ ချုပ်ဆိုထားသော စာချုပ်မှာ ဇွန်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း မန်ယူအသင်းက မိုဗစ်၏ဒဏ်ရာပြန်လည်ကောင်းမွန်လာရန် အသင်းတွင် ဆက်လက်လေ့ကျင့်နေထိုင်ခွင့်ပြုထားသည်။

မိုဗစ်သည် ယခုနှစ်ရာသီတွင် မန်ယူအသင်းအတွက် ၄၆ ပွဲပါဝင်ကစားခဲ့ပြီး ၂၈ ဂိုးအထိသွင်းယူပေးခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly