အများပြည်သူနေရများတွင် ဆေးလိပ်သောက်ခြင်းအား ဒူတာတေးက အထူးအမိန့်ထုတ်ကာ တားမြစ်

အများပြည်သူနေရများတွင် ဆေးလိပ်သောက်ခြင်းအား ဒူတာတေးက အထူးအမိန့်ထုတ်ကာ တားမြစ်

မနီလာ၊ မေ ၂၀ ။            ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အများပြည်သူနေရာများ၌ ဆေးလိပ်သောက်ခြင်းအား ကျယ်ကျယ်ပြန့်ပြန့် တားမြစ်သည့် အထူးအမိန့်တစ်ရပ်အား လက်မှတ်ထိုး ထုတ်ပြန်သည်။

အာရှတွင် တင်းတင်းကြပ်ကြပ်ဆေးရွက်ကြီးဆန့်ကျင်မှု လုပ်ငန်းစဉ်များအား မြှင့်တင်အားပေးခြင်းအားဖြင့်လည်း ယခုကဲ့သို့ ဒူတာတေးက အမိန့်ထုတ်ခြင်းဖြစ်သည်။

ဒူတာတေး၏ အထူးအမိန့်အရ ပြည်သူပိုင်နေရာများစွာတွင် ဆေးလိပ်၊ စီးကရက်သောက်ခြင်းအား တားမြစ်ပိတ်ပင်ပြီး စာသင်ကျောင်းများနှင့် ကလေးငယ်များ စုဝေးရာနေရာများ၏ မီတာ ၁၀၀ အတွင်း ဆေးလိပ်၊ စီးကရက် ရောင်းချခြင်းများကိုလည်း ထောင်ဒဏ်အပြစ်ပေးနိုင်မည်ဖြစ်သည်။

လူထောင်ပေါင်းများစွာ သေဆုံးသည့် မူးယစ်ဆေးဝါးစစ်ဆင်ရေးများကြောင့် နာမည်သတင်းကြီးသူ ဒူတာတေးသည် ရွေးကောက်ပွဲ မဲဆွယ်စဉ်က သမ္မတဖြစ်လာပါက လူမှုအဖွဲ့အစည်းပေါ် သက်ရောက်မှုရှိသည်များတွင် တားမြစ်မှုများ ဖော်ဆောင်သွားမည်ဟု ကတိထား ထားပြီး ယင်းအစီအစဉ်တွင် ဆေးလိပ်ဆန့်ကျင်တားမြစ်မှုလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

အခြားသော တားမြစ်အမိန့်မှာ ညပိုင်း ကာရာအိုကေသီဆိုခြင်းများနှင့် အများသူငှာနေရာများတွင် အသက်သောက်ခြင်းအား အချိန်အတိုင်းအတာဖြင့် တားမြစ်ခြင်းတို့ဖြစ်ပြီး ယင်းတားမြစ်မှုများကိုမူ လက်တွေ့အကောင်အထည်ဖော်ခြင်း မရှိသေးပေ။

ဒူတာတေးသည် တောင်ပိုင်းမြို့ ဒါဗာအိုမြို့တော်ဝန်ဘဝ ရေရှည်ထမ်းဆောင်ရင်း လူကြိုက်များလာခဲ့သူဖြစ်သည်။ ၎င်းက မြို့တော်ဝန်ဘဝတွင် ရာဇဝတ်မှု ထူပြောသော မြို့အား နေချင်စဖွယ် လုံခြုံရာ မြို့အဖြစ် ပြောင်းလဲခဲ့ကြောင်းပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly