မြောက်ကိုရီးယား ပြဿနာအား စစ်ရေးအရ ဖြေရှင်းခြင်းကြောင့် အခြေအနေဆိုးသွားနိုင်ဟု ပင်တဂွန်အကြီးအကဲပြော

မြောက်ကိုရီးယား ပြဿနာအား စစ်ရေးအရ ဖြေရှင်းခြင်းကြောင့် အခြေအနေဆိုးသွားနိုင်ဟု ပင်တဂွန်အကြီးအကဲပြော

နယူးယောက်၊ မေ ၂၀ ။           ။ ပင်တဂွန်အကြီးအကဲ ဂျင်းမတ်တစ်က မြောက်ကိုရီးယားအရေးနှင့် ပတ်သက်ပြီး မေ ၁၉ ရက်၌ စိတ်မသက်သာစွာ သတိပေးချက်တစ်ရပ် ပြောဆိုသည်။။

ယင်းနိုင်ငံပြဿနာကို မည်သည့်စစ်ရေးအရ ဖြေရှင်းမှုမဆိုက အခြေအနေပိုဆိုးသွားနိုင်ကြောင်း ၎င်းက သတိပေးလိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်လိုက်ပြီး ရက်အတန်ကြာ၌ ပင်တဂွန်တွင် သတင်းထောက်များအား မတ်တစ်က စကားပြောဆိုခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား၏ ယင်းနောက်ဆုံး စမ်းသပ်သည့် ဒုံးကျည်သည် တာဝေးပစ်နိုင်စွမ်း ဒုံးကျည်ဖြစ်ကြောင်း အကဲဖြတ်များက ဆိုထားသည်။

အဆိုပါ ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်ကာ အမေရိကန်တာဝန်ရှိသူများက ပြင်းပြင်းထန်ထန် ပြောခြင်းနှင့် အမေရိကန်လေယာဉ်တင်သင်္ဘောအား ဒေသတွင်း ဖြန့်ကြက်ခြင်းများ ရှိလင့်ကစား ပြုံယမ်းအပေါ် ပိုမိုဖိအားပေးနိုင်သည့် ထိရောက်သော လမ်းကြောင်းကို ဖော်ထုတ်နိုင်သော နိုင်ငံတကာဖြေရှင်းမှုနည်းလမ်းအား ရှာဖွေခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲက ပြောလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ တကယ်လို့ စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင် အခြေအနေက ပိုဆိုးပြီး စိတ်မကောင်းစရာဖြစ်လိမ့်မယ်။ ဒါကြောင့် ကုလသမဂ္ဂရယ်၊ တရုတ်ရယ်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့ရယ်နဲ ဒီအခြေအနေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ပူးပေါင်းရှာဖွေရမှာဖြစ်တယ်။”ဟု မတ်တစ်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံအထိ ဒုံးထိပ်ဖူးတပ် ဒုံးကျည် ပစ်လွှွတ်နိုင်ရေးကို အရှိန်မြှင့်ကာ လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags