မောင်တော၌ စိတ်ကြွဆေးပြား ၂၈၅၀၀ ပြားဖမ်းဆီးရမိ

မောင်တော၌ စိတ်ကြွဆေးပြား ၂၈၅၀၀ ပြားဖမ်းဆီးရမိ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

မေ ၁၈၊ ။              ။ မောင်တောမြို့နယ် ကြိမ်ချောင်းနယ်မြေရဲစခန်းမှ မေလ ၁၇ ရက် ညနေ ၃ နာရီခွဲတွင် ကင်းလှည့်ဆောင်ရွက်စဉ် စိတ်ကြွဆေးပြား ၂၈၅၀၀ ပြား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် ကြိမ်ချောင်းမြောက်ရွာထိပ် ကားလမ်းဘေး၌ ရပ်ထားသည့် ဆိုင်ကယ်အား မသင်္ကာ၍စစ်ဆေးရာ တူးဘောက်အတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား ၂၈၅၀၀ ပြား တန်ဖိုးငွေကျပ် ၅၇၀ သိန်းအား သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား ဖမ်းဆီးရမိနိုင်ရေး ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly