စုစုပေါင်းဆုကြေး ငွေ ဒေါ်လာ ၂၅၀၀၀ ကျော် ဆုကြေးရမည့် Startup Challengeပြိုင်ပွဲ

စုစုပေါင်းဆုကြေး ငွေ ဒေါ်လာ ၂၅၀၀၀ ကျော် ဆုကြေးရမည့် Startup Challengeပြိုင်ပွဲ

မေလ ၁၈ ။            ။ မြန်မာနိုင်ငံ၏ အကြီးမားဆုံးပြိုင်ပွဲတစ်ခုဖြစ်သည့် (Startup Challenge) အား မေလ ၂၀ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Startup Challenge ပြိုင်ပွဲကို မေလ ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ Phandeeyar Innovation Lap၊  ရန်ကုန်၌ ၉ ရက်ကြာ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် စွန်ဦးတီထွင်သူများမှ အဖွဲ့ဖွဲ့၍ အလားအလားအကောင်းဆုံး နည်းပညာဆိုင်ရာ စီးပွားရေး လုပ်ငန်းများဖြစ်ပေါ်လာစေရန် ကြိုးစားကြရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများမှ မြန်မာနိုင်ငံ၏ အကြီးဆုံးအခွင့်အလမ်းများကို ကိုယ်စားပြုနေသည့် နည်းပညာဆိုင်ရာစီးပွားရေး ကဏ္ဍကြီး (၄) ခုဖြစ်သော ၁။ Fintech (ဘဏ္ဍရေးဆိုင်ရာနည်းပညာ) ၊ ၂။ AgTech (စိုက်ပျိုးရေးနည်းပညာ) ၊ ၃။ IoT (အင်တာနက်ချိတ်ဆက်ပစ္စည်း) နှင့် ၄။ Tech for All (လူတိုင်းအတွက်နည်းပညာ) စသည်တို့တွင် အဓိကထား၍ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ပြိုင်ပွဲဝင် အနိုင်ရှိသူများသည် စုစုပေါင်းဆုကြေး ငွေ ဒေါ်လာ ၂၅၀၀၀ ကျော် နှင့် Phandeeyar Accelerator ၏ Pre-Accelerator အစီအစဉ်တွင်ဝင်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ ထို့အပြင် ၎င်း အစီအစဉ်တွင် လည်း ထိရောက်သော လမ်းညွှန်ပြသမှု ၊ Phandeeyar  ၏ Mentor ကွန်ယက်နှင့် ချိတ်ဆက်နိုင်မှု တို့နှင့် အတူ ရုံးခန်းနေရာအား အခမဲ့အသုံးပြုနိုင်ခြင် းစသည်တို့အားလည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကြီးကို Phandeeyar Accelerator မှဦးစီးပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော USAID ၊ Uber ၊ Wave Money ၊ Telenot Digital နှင့် Proximity Designs တို့နှင့်အတူ ပူပေါင်း၍ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly