ယင်းမာပင်အမတ်အား လူမှုကွန်ယက်တွင် ဂုဏ်သိက္ခာကျစေသည့် စာများရေးသားသူအား ၆၆(ဃ)ဖြင့် အမှုဖွင့်

ယင်းမာပင်အမတ်အား လူမှုကွန်ယက်တွင် ဂုဏ်သိက္ခာကျစေသည့် စာများရေးသားသူအား ၆၆(ဃ)ဖြင့် အမှုဖွင့်

လူမှုကွန်ယက်တွင် မိမိ၏ ဂုဏ်သက္ခာကျဆင်းစေသောစာများ ရေးသားသူအား ပုဒ်မ ၆၆(ဃ)ဖြင့် ယင်းမာပင်မြို့မစခန်းတွင် မေလ ၁၃ရက်က အမှုဖွင့်တိုင်ကြားထားကြောင်း ယင်းမာပင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောသည်။

နတ်ဆိုးဟူသော ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်အား တိုင်တန်းထားခြင်း ဖြစ်ပြီး နတ်ဆိုးအကောင့်ပိုင်ရှင်သည် ယင်းမာပင်မြို့နယ်၊ အမေရေယာဉ်နတ်ပွဲ၏ ယာဉ်ဝင်ခွင့်နှင့်ပတ်သက်၍   ရေးသားထားခြင်း ဖြစ်သည်။

"အမေရေယာဉ်နတ်ပွဲနဲ့ပတ်သက်ပြီး တခါပဲ အစည်းအဝေးတက်ခဲ့ဖူးတယ်။ ဒါဟာလည်း ညီညီညွှတ်ညွှတ်လုပ်ကြဖို့ပြောပြီးပြန်လာခဲ့တယ်။ လွှတ်တော်လည်းရှိနေလို့ နောက်ထပ်အစည်းအဝေးတွေ မတက်ခဲ့တော့ဘူး။ အဲ့ဒါကို အမေရေယာဉ်နတ်ပွဲယာဉ်ဝင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့ပါတယ်ဆိုပြီး ဖေ့စ်ဘုတ်မှာရေးထားလို့ အမှုဖွင့်တိုင်တန်းလိုက်တာပါ" ဟု ယင်းမာပင်မြို့နယ် တိုင်းကိုယ်စားလှယ်ဒေါ်အောင်မေရီက ပြောသည်။

အဆိုပါ fb အကောင့်တွင် ဧပြီလအတွင်းက ရေးသားခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် အမေရေယာဉ်နတ်ပွဲနှင့် ပတ်သက်၍ အခြားလုပ်ငန်းစဉ်များကို မသိရှိသည့်အတွက် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

"အမေရေယာဉ်ပွဲတော် ယာဉ်ဝင်ခွင့်ကို တိုင်းအမတ်ဒေါ်အောင်မေရီ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်း၊ စည်ပင်ဥက္ကဌ ဦးအောင်ဗိုလ်မြင့်တို့ သုံးဦးပေါင်းပြီး ဇီတောရွာအုပ်ချုပ်ရေးမှူးထံမှ သိန်း ၉၀ နဲ့ မတရားယူပြီး ၁၁၅ သိန်းနဲ့ ရောင်းစားခဲ့ပါသည်လို့သိရတော့ စိတ်မကောင်းပါဘူး။ မြို့နယ်ဖွံ့ဖြိုးအောင်လုပ်မယ့်သူတွေက သူတို့အကျိုးစီးပွားကို အရင်လုပ်နေကြတယ်။ အခုလည်းလာပြန်ပြီ။ ဇီးတောအမေကြီးပွဲကရတဲ့ ပိုက်ဆံကို ကတ္တရာခင်းမှာကြားနေတယ်။ ကြည့်လည်းလုပ်ကြပါဦးဗျာ" ဟူ၍ ရေးသားထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly