ဘူးသီးတောင်မြို့၌ ဆိုင်ကယ်ဆိုင် မီးလောင်မှုဖြစ်ပွား

ဘူးသီးတောင်မြို့၌ ဆိုင်ကယ်ဆိုင် မီးလောင်မှုဖြစ်ပွား
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

မေ ၁၇ ။            ။ ဘူးသီးတောင်မြို့၊ မြို့သစ်တောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့် ဇော်ဆန်း ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ယနေ့ မေလ ၁၇ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ချိန်ခန့်က ဆိုင်ကယ်၏ ဓာတ်ဆီတိုင်ကီ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ၎င်းဆိုင်နှင့်ကပ်လျက် ဆိုင်ခန်း ၆ ခန်း မီးကူးစက်လောင်ကျွမ်းခဲ့ပြီး နံနက် ၄ နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့ကာ တန်ဖိုးငွေကျပ် ၂၅ သိန်း ဆုံးရှုံးခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ သိရသည်။

ဆိုင်ပိုင်ရှင် ဦးဇော်ဆန်းအား မီးပေါ့ဆမှုဖြင့် ဘူးသီးတောင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly