ဒီပဲယင်းတွင် လေပြင်းကြောင့် အိမ်ခြေ ၂၀၀ နီးပါး ထိခိုက်

ဒီပဲယင်းတွင် လေပြင်းကြောင့် အိမ်ခြေ ၂၀၀ နီးပါး ထိခိုက်

မုံရွာ၊ မေ ၁၇ ။                ။ မေ ၁၆ ရက်ညက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေ ၂၀၀ နီးပါး ထိခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဒီပဲယင်းမြို့နယ် စိုင်ပြင်ကျေးရွာ၊ ရွာရှည်ကျေးရွာ၊ မင်းဆွေနှစ်ကျေးရွာ၊ ဆယ်တောကျေးရွာတို့တွင် လေပြင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လူနှင့်တိရိစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။

"လူနှင့် တရိစ္ဆာန်ထိခိုက်မှုမရှိခဲ့ပါဘူး။ ကြက်ခြံတွေပြိုတာတော့ရှိတယ်။ ကြက်တွေသေတာတော့မရှိပါဘူး။ စုစုပေါင်း အိမ်ခြေ ၁၉၃ အိမ်ပါ။" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက ပြောသည်။

ယင်းကျေးရွာများ၌ စိုင်ပြင်ကျေးရွာတွင် အိမ်ခြေ ၁၃၀ ထိခိုက်ခဲ့ပြီး ၂၆ အိမ်ပြိုကျခဲ့ကြောင်း၊ အခြားကျေးရွာများတွင် ထိခိုကိမှုနည်းပါးကြောင်း၊ ၎င်းကဆက်လက်ပြောကြားသည်။

လေပြင်းဒဏ်ခံခဲ့ရသော ကျေးရွာများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ၈၂ သိန်းကျော် ထောက်ပံ့ပေးထားကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်တွင် မေလဆန်းပိုင်းကလည်း လေပြင်းကျရောက်ခဲ့ပြီး အိမ်ခြေ ၃၀၀ နီးပါး ထိခိုက်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly