ထိပ်သီးလေးသင်းဝင်ရေးယုံကြည်ချက်ကို အာစင်ဝင်းဂါးဆက်ထိန်းထား

ထိပ်သီးလေးသင်းဝင်ရေးယုံကြည်ချက်ကို အာစင်ဝင်းဂါးဆက်ထိန်းထား

မေ ၁၇၊ လန်ဒန်။             ။ ဆန်းဒါးလန်းကို ၂-၀ ဂိုးဖြင့်အနိုင်ရပြီး ယမန်နှစ်ကရရှိခဲ့သည့်အမှတ်ကိုကျော်ဖြတ်နိုင်ခဲ့ပြီးနောက် အာစင်ဝင်းဂါးအနေဖြင့် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ထိပ်သီးလေးသင်းဝင်ခွင့်မျှော်လင့်ချက်ကို ဆက်ထိန်းထားနိုင်ခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက လက်စတာအသင်း၏ နောက်တွင် ဒုတိယနေရာ၌ရပ်တည်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင်မူ အဆင့် ၅ တွင်ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အန္တရာယ်ရှိနေပြီး နောက်ဆုံးပွဲအထိ ပြိုင်ဆိုင်ရ မည်ဖြစ်သည်။

အာဆင်နယ်အသင်း၏ လက်ရှိအခြေအနေအပေါ်ဝေဖန်မှုများကို အာစင်ဝင်းဂါးကလက်ခံခဲ့သော်လည်း အသင်း၏ရုန်းကန်နေရမှု ထက် ပြိုင်ဘက်များ၏များစွာတိုးတက်လာမှုအပေါ်တွင်လည်း မူတည်နေကြောင်း ပြောသည်။

“ကျွန်တော်တို့ မနှစ်က ၇၁ မှတ်ရပြီး အဆင့် ၂ ရခဲ့တယ်။ အခု ၇၂ မှတ်ရထားပြီး ၇၅ မှတ်ထိရသွားချင်တယ်။ အဲဒါပြီးရင်တော့ ဘာဖြစ်လာမလဲဆိုတာ ခင်ဗျားတို့တွေ့ရမှာပါ။

ကျွန်တော်တို့ နောက်ဆုံး အဆုံးအဖြတ်ရက်တွေအများကြီးကြုံဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘိုင်ယန်နဲ့ပွဲအပြီးမှာ ခက်ခဲတဲ့ လမ်းကိုလျှောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက ပြန်လည်ကုစားဖို့မလွယ်ဖို့ မလွယ်ခဲ့လို့ပါ။

ဒါပေမဲ့ တခြားဖက်ကကြည့်ရင်တော့ ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတစ်ခုဖြစ်ခဲ့ပြီး ကျွန်တော်တို့ သန်မာတဲ့နည်းလမ်းနဲ့ တုန့်ပြန်နိုင်ခဲ့တယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

၇၂ မှတ်ရထားသည့် အဆင့် ၅ နေရာမှ အာဆင်နယ်အသင်းသည် ရာသီသိမ်းပွဲစဉ်တွင် အဲဗာတန်နှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ၇၃ မှတ်ရထားသည့် အဆင့် ၄ နေရာမှ လီဗာပူးလ်က မစ်ဒယ်ဘရော့နှင့် လည်းကောင်း၊ ၇၅ မှတ်ရထားသည့် အဆင့် ၃ နေရာမှ မန်စီးတီးက ဝက်ဖို့ဒ်နှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly