နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ရပ်တန့်မှသာ မြောက်ကိုရီးယားနှင့် ဆွေးနွေးမည်ဟု အမေရိကန်ပြော

နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ရပ်တန့်မှသာ မြောက်ကိုရီးယားနှင့် ဆွေးနွေးမည်ဟု အမေရိကန်ပြော

 မေ ၁၇ ။                     ။ မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ နျူကလီးယားနှင့် တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများကို ရပ်တန့် မှာသာလျှင် အမေရိကန်ပြည်ထောင်စုဘက်မှ   ဆွေးနွေးမှုများပြုလုပ်ရန် စဉ်းစားဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဝါရှင်တန်၏ ကုလသမဂ္ဂသံတမန်ဖြစ်သူက အင်္ဂါနေ့တွင် ပြောခဲ့သည်။

“ကျွန်မတို့ဘက်က ဆွေးနွေးမှုများ ပြုလုပ်သွားဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဘက်က နျူကလီး ယား နဲ့ အခြားစမ်းသပ်ချက်တွေ ရပ်တန့်လိုက်တာကို မတွေ့ရမချင်း ကျွန်မတို့ဘက်က ဆွေးနွေးသွားမှာ မဟုတ် ပါဘူး” ဟု အမေရိကန်သံတမန် နစ်ကီဟာလေ က လုံခြုံရေးကောင်စီ၏ တံခါးပိတ်ဆွေးနွေးပွဲ၌ သတင်းထောက်များကို ပြောခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ တစ်ဦးတည်းသော သံတမန်ရေးရာနှင့် စစ်ရေးမဟာမိတ်ဖြစ်သူ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ပြုံယမ်းအပေါ် အရေးယူဒဏ်ခတ်ရန် ကောင်စီဆုံးဖြတ်ချက်ကို ပူပူနွေးနွေးချမှတ် တော့မည်ဖြစ်ကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်မတို့ လောလောဆယ် အဲ့ဒီကိစ္စအတွက် အာရုံစိုက် အလုပ်လုပ်နေကြပါတယ်။ ခုထိတော့ အပြီးမသတ်ရ သေးပါဘူး” ဟု သူမက ပြောခဲ့သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့က မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ အကွာအဝေးအရှည်ဆုံး ရောက်ရှိနိုင်သော ပဲ့ထိန်းတပ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကာ တစ်ကမ္ဘာလုံးကို ထိတ်လန့်စေခဲ့သည်။

ဟွာဆောင်း-၁၂ ဟု အမည်ရသော အဆိုပါဒုံးကျည်သည် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသည် ဟု ပြုံယမ်းဘက်မှ ပြောခဲ့သည်။

အဆိုပါ ဒုံးကျည်ကို ပုံမှန်မဟုတ်သော လမ်းကြောင်းအတိုင်း ပစ်လွှတ်ခဲ့ကာ ကီလိုမီတာ ၂,၁၁၁ ဒသမ ၅ အမြင့်ထိ ရောက်ရှိခဲ့ပြီး အကွာအဝေး ကီလိုမီတာ ၇၈၇ ထိ ပျံသန်းခဲ့ပြီးနောက် ဂျပန်ပင်လယ်ထဲ ထိုးကျသွားခဲ့ ကြောင်း KCNA သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းဒုံးကျည်သည် အမြင့်ဆုံးအကွာအဝေးအဖြစ် ၄၅၀၀ ကီလိုမီတာ (မိုင် ၂၈၀၀) ခန့်အထိ ပျံသန်းသွားနိုင် ကြောင်း ဆန်းစစ်လေ့လာသူများက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags