ရန်​ကုန်​စ​တော့အိတ်​ချိန်​း အ​ဆောက်​အအုံကို မြို့ပြအ​မွေအနှစ်​ထိန်​းသိမ်​း​ရန်​ Blue Plaque ကပ်​

ရန်​ကုန်​စ​တော့အိတ်​ချိန်​း အ​ဆောက်​အအုံကို မြို့ပြအ​မွေအနှစ်​ထိန်​းသိမ်​း​ရန်​ Blue Plaque ကပ်​
(ဓာတ်ပုံ- သူရ / မဇ္ဈိမ)

ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်အဖွဲ့ (YHT) ၏ ၁၈ ခုမြောက်ကမ္ဗည်းပြားကို ရန်ကုန်စတော့အိတ်ချိန်း (ယခင်ပြည်တေထာင်စုဘဏ်) အဆောက်အအုံ၌ မေလ ၁၆ရက်က တပ်ဆင်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နှင့် Royal Philips Corporation တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အပြာရောင်ကမ္ဗည်းပြား Blue Plaque ကို ရန်ကုန်မြို့ ၊ ဆူးလေဘရားလမ်းရှိ ရန်ကုန်စတော့အိတ်ချန်းရုံး (ယခင် ပြည်ထောင်စုဘဏ်)တွင် မေလ ၁၆ ရက် နံနက် ၉ နာရီက တပ်ဆင်ခဲ့သည်။

အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခြင်းသည် ရန်ကုန်မြို့ပြသမိုင်းကြောင်းတွင် အရေးပါခဲ့သော အဆောက်အအုံများနှင့် လူပုဂ္ဂိုလ်များအား အထိမ်းအမှတ်ပြုရန်နှင့် ရန်ကုန်မြို့၏ သမိုင်းအကြောင်းကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ ပြည်သူများနှင့် ခရီးသွားများလေ့လာနိုင်ရန် ရည်ရွယ်ထားသည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်အဖွဲ့ မှဆိုသည်။

အဆိုပါရန်ကုန်စတော့အိတ်ချိန်းကို မြန်မာနိုင်ငံအစိုးရမှ ၅၁% နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့ (Daiwa Institute of Research) နှင့် ဂျန်ပန်အိတ်ချိန်းအဖွဲ့ (JPX) တို့မှ ၄၉% ပါဝင်၍   တည်ထောင်ထားခဲ့ကြောင်း မြန်မာနိုင်ငံငွေချေး သက်သေလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်မှပြောကြားခဲ့သည်။

YHT အဖွဲ့ ၏တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက "အရင်ဗဟိုဘဏ်အဆောက်အအုံကို ရန်ကုန်စတော့အိတ်ချိန်းအဖြစ် ပြန်လည်ပြုပြင်အသုံးပြုတာဟာ အမွေအနှစ် အဆောက်အအုံတွေကို ဘယ်လိုပြန်ပြီး အသုံးချနိုင်ကြောင်းပြသနေတဲ့နမူနာကောင်းတစ်ခုပဲဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။

အဆိုပါကမ္ဗည်းပြားတပ်ဆင်ခြင်း အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန်နှင့် ရန်ကုန်မြို့အနှံ့ သမိုင်းဝင်နေရာများအားလေ့လာခြင်း၊ ကမ္ဗည်းပြားများထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းတို့အတွက် Royal Philips Corporation မှ အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ထောက်ပံ့ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required