ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းကို မေလ ၂၁ ရက်နေ့ ဖွင့်လှစ်မည်

ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းကို မေလ ၂၁ ရက်နေ့ ဖွင့်လှစ်မည်
ဓါတ်ပုံ - ပြည်ချစ်/RiA

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသဖြစ်သည့် ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကို သွားလာရေးလွယ်ကူစေရန်အတွက် ဆက်သွယ်လျှက်ရှိသည့် အဝေးပြေးကားလမ်းမကို မေလ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်မှာ မေယုမြစ်ဝှမ်းလွင်ပြင်တွင်တည်ရှိပြီး အခြားဒေသများနှင့် ဆက်သွယ်လားနိုင်ရေးအတွက် ရေကြောင်းခရီးတစ်ခုတည်းကိုသာ အဓိကအသုံးပြုနေကြရသည့်အတွက် ရသေ့တောင်-ပုဏ္ဏားကျွန်း အဝေးပြေးလမ်းမအား လမ်းမအားဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“လမ်းကတော့ ဖောက်လုပ်လို့ပြီးပြီ။ ဒါပေမဲ့ ဘတ်ဂျက်ငွေက မလုံလောက်တော့ ကျောက်ချောလမ်းအဆင့်ပဲ ရှိပါသေးတယ်။ နောက်နှစ် ဘတ်ဂျက်ကျမှပဲ အဲဒီလမ်းကို ကတ္တရာလမ်းလုပ်ပေးဖို့ အစီစဉ်တွေရှိတယ်”ဟု ဝန်ကြီး ဦးအောင်ကျော်ဇံက RiA သို့ ပြောသည်။

အဆိုပါလမ်းမှာ အလျား ၂၂ မိုင် ၆ ဖာလုံခန့်ရှည်လျားပြီး ကျောက်ချောလမ်းအဆင့်သာ ရှိသေးသော်လည်း ရသေ့တောင်မှ စစ်တွေနှင့် အခြားမြို့နယ်များသို့ နေချင်းပြန်ခရီးအဖြစ် သွားလာနိုင်တော့မည်ဖြစ်ကာ ယင်းလမ်းမအား ၂၀၁၀ ခုနှစ် မတိုင်ခင်ကာလက စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“လမ်းဖွင့်ပေးမယ်ဆိုပေမယ့် တံတားတွေတော့ အားလုံးမပြီးသေးဘူး။ တချို့ဟာတွေကျန်နေသေးတယ်။ ရသေ့တောင် တံတားကိုတော့ ၂၀၁၈-၂၀၁၉နှစ်တွေမှာ ဘတ်ဂျတ်ကျတဲ့ ငွေတွေအပေါ်မှာ မှုတည်ပြီး ကျွန်တော်တို့ ပြီးအောင်ထိုးပေး သွားမှာပါ”ဟု ဝန်ကြီးက ဆက်ပြောသည်။

အဝေးပြေးလမ်းမအား ဒေသခံများအသုံးပြုနိုင်ရန်အတွက် စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်သော်လည်း  တံတားတချို့မှာ ဆောက်လုပ်ရန် ကျန်နေသေးကြောင်း၊ လာမည့် ၂၀၁၈/၁၉ ဘဏ္ဍာနှစ်တွင် အပြီးသတ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကာ ယင်းလမ်းမအား လွန်ခဲ့သည့် ၇ ကျော်ကာလက စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ကျောက်ချောလမ်းအဆင့်ကိုသာ အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly