လက်စတာအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ၂ ဆုစလုံးကို ဂိုးသမားရှမိုက်ကယ်ရရှိ

လက်စတာအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ၂ ဆုစလုံးကို ဂိုးသမားရှမိုက်ကယ်ရရှိ

မေ ၁၆၊ အင်္ဂလန် ။             ။ လက်စတာအသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုများကို ဂိုးသမား ကက်စပါရှမိုက်ကယ်က ဆွတ်ခူးရရှိသွားခဲ့သည်။

ရှမိုက်ကယ်သည် အသင်းကရွေးချယ်ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို ကစားသမားများက ရွေးချယ်သည့်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ခြင်းဖြစ်သည်။

ဆုရရှိခဲ့သည့်အတွက် ဂုဏ်ယူမိကြောင်း ရှမိုက်ကယ်က ဆိုသည်။ ‘အကောင်းဆုံးဆု နှစ်ဆုစလုံးကို ရရှိခဲ့လို့ အလွန်ဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုကို ရရှိဖို့ အသင်းအတွင်းမှာ ပြိုင်ဆိုင်မှုအများအပြားရှိခဲ့လို့ပါ’ ဟု ရှမိုက်ကယ်က ဆိုသည်။

ပြောင်းရွှေ့ကြေးပေါင် ၁၈ သန်းဖြင့် ဂန့်အသင်းမှ လက်စတာသို့ရောက်လာသည့် ကွင်းလယ်ကစားသမား အန်ဒီဒီမှာ တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။

ကွင်းလယ်ကစားသမား ဒရင့်ဝါးတားမှာ လီဗာပူးလ်အသင်းဘက်သို့သွင်းယူခဲ့သောဂိုးဖြင့် တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့သည်။ နောက်ခံလူ၊ အသင်းခေါင်းဆောင် ဝက်စ်မော်ဂန်မှာ ဆီဗီလာအသင်းကို အနိုင်ရခဲ့သည့်ပွဲတွင် အကောင်းဆုံးကစားနိုင်ခဲ့သည့်အတွက် တစ်နှစ်တာအတွင်းအကောင်းဆုံးစွမ်းဆောင်နိုင်မှုဆုကို ရခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly