မြန်မာတစ်နိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မည့် "ငြိမ်းချမ်းရေးဂီတပွဲတော်" Peace Music Festival ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲကြီး ကျင်းပသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ပြိုင်ပွဲဝင်များ၏ ပါယှဉ်ပြိုင်မှုများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) တွင် ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသူ ၁၀ဦးသည် ၎င်းတို့၏ အနုပညာလုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိမည်ဖြစ်ပြီး ဆုရရှိသည့် (၂)နှစ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က အခါအားလျော်စွာ ခေါ်ယူသည့် အစီအစဉ်များတွင်မူ သီဆိုဖျော်ဖြေပေးရမည်ဟု Peace Music Festival ပြိုင်ပွဲဝင် စည်းမျဉ်းတွင် ဖော်ပြထားသည်။
ပြိုင်ပွဲဝင်များအတွက် ဆုကြေးငွေမှာ ပထမဆု ငွေသား ကျပ်သိန်း (၃၀၀)၊ ဒုတိယဆု ကျပ်သိန်း (၂၀၀)၊ တတိယဆု ကျပ်သိန်း (၁၀၀) နှင့် နှစ်သိမ်ဆုနှင့် အထူးဆု (၇)ဆုအတွက် တစ်ဆုလျှင် ငွေကျပ်သိန်း (၃၀) ချီးမြှင့်မည်ဟု သိရသည်။
ပြိုင်ပွဲဝင်လျောက်လွှာ နှင့် ပြိုင်ပွဲစည်းမျဉ်းများကို www.facebook.com/peacemusicfestival တွင် သွားရောက်ဒေါင်းယူနိုင်သည်။