မေလ ၁၅၊ ၁၆ရက်များမှာ မိုးရွာဖွယ်ရှိ

မေလ ၁၅၊ ၁၆ရက်များမှာ မိုးရွာဖွယ်ရှိ

မေလ ၁၅ရက် နှင့် ၁၆ရက်တွင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် မိုးရွာဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ထိုရက်များတွင် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသအတွင်းသို့ အနောက်လေပွေလှိုင်းတစ်ခုဝင်ရောက်လာနိုင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းသို့လည်း အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်သည်ဟု သိရသည်။

ယင်းသို့ မုတ်သုံဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် မိုးရွာနိုင်ခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲ မှ စိပ်စိပ် မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး၊ ကျန်ေးသများတွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာသွန်းနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly